HAPPY LUNAR
NEW YEAR 2024
YEAR OF DRAGON
၂၀၂၄ ခုနှစ် နဂါးနှစ်အတွက်
(၁၂) ရာသီခွင် ဟောစာတမ်းများ
မျောက်နှစ်မွေးဖွားသူတွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းရှိကြပြီး ဉာဏ်ကောင်းတဲ့သူတွေပဲဖြစ်ကြပါတယ်။ အလုပ် လုပ်တဲ့အခါသွက်လက်မှုရှိတဲ့အပြင် မိမိရရှိတဲ့ အခွင့်အရေးကိုလည်း လက်လွတ်မခံ ရယူအသုံးချတဲ့နေရာမှာလိုက်မမှီအောင် ထူးချွန်တဲ့သူတွေလည်းဖြစ်ကြပါတယ်။ တရုတ်ဇာခွင်အရင် ယခုကျရောက်တဲ့ နဂါးနှစ်မှာတော့ မျောက်နှစ်ဖွားများအနေနဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ အတားအဆီးတွေကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်စွမ်းရှိမယ့် နှစ်ဖြစ်ပါတယ်။ ဒီနှစ်မှာ မျောက်နှစ်မွေးဖွားသူတွေအနေနဲ့ အဓိက သတိထားသင့်တာကတော့ သတိပေါ့လျော့မှုကြောင့် လုပ်ငန်းစီးပွားရေးကျဆင်းတာတွေနှင့် ထိခိုက်မှုတွေကြုံတွေ့ရတက်ပါတယ်။ သတိမပေါ့လျော့မှုကို အထူးသတိထားပါ။ အသေးအဖွဲ့တွေအပေါ်မှာ အာရုံစိုက်နေပြီး အရေးကြီးတဲ့ကိစ္စတွေကိုလျစ်လျူရှုမိတက်သလို ဖြစ်တက်ပါတယ်။ လူအများနှင့်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ လျော့သင့်တာလျော့ပြီး သည်းခံသင့်တာ သည်းခံသင့်တဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းများစွာ တိုးပွားလာနိုင်တဲ့နှစ်လည်းဖြစ်ပါတယ်။
ဗေဒင်ဆရာနှင့် တိုက်ရိုက် မေးမည်