၇ရက် သားသမီးများ အတွက် 12-07-2026 မှ 18-07-2026 အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတာဝန်ပိမည်။ စိတ်ဖိစီးမှု များမည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ အခက်အခဲပေါ်မည်။ ငွေအတွက် သောကရောက်မည်။ ရွှေထွက်မည်။

အကြွေးကိစ္စအတွက် စိတ်ညစ်ရမည်။ အလုပ်ရှာနေပါက ( သို့မဟုတ် ) အလုပ်လျှောက်ထားပါက အလုပ်ရမည်။

ပညာရေးမှာ အနည်းငယ် လိုအပ်နေပါသည်။ ကျန်းမာရေး အနေဖြင့် အရိုးကျည်းပေါင်း ရောဂါဖြစ်မည်။ အချစ်ရေးမှာ အားပြိုင်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း သင့်မြတ်မှု မရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ငုဝါရောင် ဖြစ်ပါသည်။


ယတြာ - တနင်္ဂနွေနေ့တွင် တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ မြေဇာ ၉ ညွှန့်၊ သပြေ ၉ ညွှန့်၊ ဂန့်ကော် ၉ ညွှန့် လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မော်တော်ကား အရောင်းအဝယ်ဖြစ်မည်။ မိသားစု အတွင်းသို့ ဝမ်းသာစရာ သတင်းကောင်းဝင်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။

နိုင်ငံခြားခရီးအတွက် သတင်းကောင်းဝင်မည်။ ဆိုင်ကယ်အတွက် သောက ရောက်မည်။ ရွှေလုပ်ငန်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများမှာ အနှောက်အယှက်ပေါ်မည်။

ပညာရေးနှင့် ပတ်သတ်ပြီး သတင်းကောင်းကြားရမည်။ ကျန်းမာရေး အနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးမှာ ချစ်သူ၏ မယုံသင်္ကာဖြစ်မှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားနေလိမ့်မည်။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၉ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့တွင် တန်ခိုးကြီးဘုရားမှာ တနင်္လာထောင့်တွင် ငွေထီး ၂ လက် နှင့် ဂန့်ဂေါ် ၁၉ ညွှန့်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းသစ်ပေါ်မည်။ လူလိမ်ခံရမည်။ သို့မဟုတ်သူခိုးခိုးခံရမည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများမှာ အနှောက်အယှက်ပေါ်မည်။

ရွှေဝင်မည်။ မော်တော်ဆိုင်ကယ် အသစ် ဝင်မည်။ ဆေးရုံသို့ လူနာမေး သွားရမည်။ မေးခဲ့သော် ကောင်း၏။

ပညာရေးမှာ စိန်ခေါ်မှုကို ရင်ဆိုင်ရလိမ့်မည်။ ကျန်းမာရေး အနေဖြင့် ဝမ်းကိုက် ရောဂါ ဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ကြက်ဥနှစ်ရောင် ဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်း ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်သစ်၊ လုပ်ငန်းသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရလိမ့်မည်။ အိမ်သစ်တက်ရမည်။ ငွေအထူးဝင်မည်။ မော်တော်ကား အရောင်းအဝယ်မှာ စကားများမည်။

တယ်လီဖုန်းအသစ်ဝင်မည်။ ရွှေ ( သို့မဟုတ် ) ငွေ ( သို့မဟုတ် ) ပစ္စည်းပျောက်မည်။ အဝတ်အထည်သစ်များ ဝင်မည်။ အနုပညာ လုပ်ငန်းအတွက် လမ်းပွင့်လိမ့်မည်။

ပညာရေးမှာ အောင်မြင်မှုများ ရရှိလိမ့်မည်။ ကျန်းမာရေး အနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ စန်းပွင့် နေပါသည်။ ချစ်သူနှစ်ဦးကြားမှာ ဗျာများလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၇၊ ၈၊ ၀ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ နက်ပြာရောင် ဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီး ဘုရား ဗုဒ္ဓဟူးထောင့်မှာ ယပ်ဖြူ ၄ လက်၊ ယပ်နီ ၄ လက် ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

တိုက်ခန်း၊ အိမ်ခန်းလျှောက်ထားပါက တိုက်ခန်း၊ အိမ်ခန်းရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းမွန်မည်။ လုပ်ငန်းသစ်၊ အရောင်းအဝယ်သစ်ပေါ်မည်။

ဆိုင်ကယ်အရောင်းအဝယ်ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အထက်လူကြီးဖိအားပေးမှုကို ခံရလိမ့်မည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများကို ဦးဆောင်ပြီး လုပ်ကိုင်ရလိမ့်မည်။

ပညာရေးမှာ အားရစရာကောင်းသော အခြေအနေမျိုးမဟုတ်ပါ။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ ခု ကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရကိန်းရှိသည်။ အပြင်ဝန်ထမ်းဖြစ်ပါက အလုပ်သစ်သို့ ပြောင်းရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။

ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ကြွေးဟောင်းပြန်ရမည်။ သို့မဟုတ်ပါက ကြွေးဟောင်းပြန်ဆပ်နိုင်လိမ့်မည်။

ပညာရေးမှာ အောင်မြင်မှုများ ရရှိလိမ့်မည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူထံမှ သတင်းကောင်းများ ကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ - သောကြာနေ့တွင် တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သပြေ ၁၉ ညွန့် ကပ်လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မြေအရောင်းအဝယ်အတွက် စာချုပ်စာတမ်းပြုလုပ်ရလိမ့်မည်။ လခစားဝန်ထမ်း၊ လခစားအလုပ်သမား ဖြစ်ပါက လုပ်ငန်းအတွင်း ဖိနှိပ်မှုများ ကြုံရလိမ့်မည်။ အလုပ်အတွက် အင်တာဗျူးဝင်ရလိမ့်မည်။ လောင်းကစားဒုက္ခပေးမည်။

နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရလိမ့်မည်။ နိုင်ငံခြားမှ ငွေရောက်မည်။ ဆွေမျိုးအကြီးအကဲတစ်ဦး၏ ကျန်းမာရေးကို ကူညီရလိမ့်မည်။

ပညာရေးမှာ ခက်ခဲသော အခြေအနေသို့ ရောက်နေပါသည်။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သောရောဂါဖြစ်မည်။ အချစ်ရေးမှာ အခြေအနေဆိုးနေပါသည်။ အိမ်ထောင်ရေးလည်း အခြေအနေမကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့တွင် တန်ခိုးကြီးဘုရား စနေထောင့်မှာ ထီးဖြူ ၇ လက်လှူပါ။

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးကောင်းမည်။ ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။

ကုသိုလ်ကောင်းမှုပြုလုပ်ရလိမ့်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများမှာ အခက်အခဲပေါ်မည်။

ပညာရေးမှာအနည်းငယ် အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခါးကိုက်မည်။ နာမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၁၊ ၄၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ဇီးရောင် ဖြစ်ပါသည်။


ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ မြေဇာ ၉ ညွန့် ၊ သပြေ ၉ ညွန့် ၊ ကံကော် ၉ ညွန့်  ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်နေရာ အရွှေ့အပြောင်းအတွက် အစီအစဉ်ပြုလုပ်ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုး သတင်းကြားရမည်။ အနုပညာလုပ်ငန်းအတွက် အနုပညာကြေးရမည်။

ဆန်၊ စပါး ရောင်းဝယ်ရေးကောင်းမည်။ ရွှေလုပ်ငန်း၊ ရွှေရောင်းဝယ်ရေးလုပ်ငန်းမှာ အရှုံးပေါ်မည်။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ အနှောင့်အယှက် ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ဘော်ငွေရောင် ဖြစ်ပါသည်။


ယတြာ - တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ ကြွေးဟောင်းပြန်ရမည် သို့မဟုတ်ပါက ကြွေးဟောင်းပြန်ဆပ်နိုင်မည်။

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ဆွေမျိုးထဲမှာ မင်္ဂလာဆောင်ပေါ်ပါက နိမိတ်ကောင်းပါသည်။

ပညာရေးနှင့်ပက်သတ်ပြီး သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူမရှိပါက ချစ်သူတွေ့မည်။ အိမ်ထောင်ရေးလည်းသာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ငါးရှဥ့်သွေးရောင် ဖြစ်ပါသည်။


ယတြာ - အင်္ဂါနေ့တွင် တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ ဆီထမင်း ၃ ပွဲ ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ လုပ်ငန်းသစ်ပေါ်မည်။ အလုပ်အတွက် သတင်းကောင်းကြားရမည်။

မော်တော်ဆိုင်ကယ်အတွက် သောကများမည်။ ပစ္စည်းပျောက်မည်။ ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ ရွှေထွက်မည်။

ပညာရေးမှာ အနှောက်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ရင်ကြပ်မည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူထံမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ အုန်းခွံရောင် ဖြစ်ပါသည်။


ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ယက်ဖြူ ၄ လက် ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်ပြင်ကိန်း၊ အိမ်သစ်ဆောက်ကိန်းပေါ်မည်။ နိုင်ငံခြားငွေ ဝင်မည်။ လူလိမ်ခံရတတ်သည်။ သူခိုးခိုးခံရတတ်သည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ သွားခဲ့သော်ကောင်း၏။

အိမ်၏ အနောက်ဘက်အရပ်မှာ မီးလောင်မည်။ မီးလန့်မည်။ ထိုသို့ဖြစ်ပါက ဖိနပ်ဟောင်းတစ်ရံ စွန့်ပစ်ပါ။ စာချူပ်စာတမ်းတစ်ခု ပြုလုပ်ရလိမ့်မည်။

ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် နားရောဂါဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ နားလည်မှုလွဲမှားမှုကြောင့် ကွဲကွာလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် သင့်မြတ်မှု မရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၂၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။


ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ကံကော် ၉ ညွန့် ကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ ဝင်ငွေကောင်းမည်။ ဆိုင်သစ်ဖွင့်ခြင်း၊ လုပ်ငန်းသစ်လုပ်ခြင်းများ ပြုလုပ်ရလိမ့်မည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။

အိမ်ပြင်၊ အိမ်ဆောက်ကိန်း ရှိသည်။ ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ နိုင်ငံခြားမှာ အလုပ်လျှောက်ထားပါက အလုပ်ရမည်။

ပညာရေးအတွက် ရလဒ်ကောင်း ရရှိမည်။ ကျန်းမာရေးအနေဖြင့် ရင်ဘတ်အောင့်မည်။ အချစ်ရေးမှာ ချစ်သူ၏ မိဘများ အနှောင့်အယှက်ပေးမည်။ အိမ်ထောင်ရေးမှာလည်း သာယာမှု မရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၃၊ ၄၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ မိုးပြာရောင် ဖြစ်ပါသည်။


ယတြာ - သောကြာနေ့တွင် တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သပြေ ၂၅ ညွန့် ကပ်လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်ရှာနေပါက သို့မဟုတ် အလုပ်လျှောက်ထားပါက အလုပ်ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း ရလိမ့်မည်။ မော်တော်ကားအတွက် ငွေကုန်မည်။ ကြွေးဟောင်းပြန်ရမည်။

တယ်လီဖုန်းအသစ်ဝင်မည်။ အနုပညာလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးကောင်းမည်။

ပညာရေးမှာ အခက်အခဲပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဒူးနာမည်။

ကံကောင်းသော ဂဏန်းများမှာ ၅၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။


ယတြာ - စနေနေ့တွင် တန်ခိုးကြီးဘုရား စနေထောင့်မှာ ထီးဖြူ ၅ လက် ကပ်လှူပါ။

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားငွေဝင်မည်။ ဆိုင်ကယ်အတွက် စိတ်ညစ်ရမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း ပေါ်မည်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ထားပါက အချင်းချင်းစိတ်ဝမ်းကွဲမည်။

ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲအောင်မည်။ ကျန်းမာရေးအနေဖြင့် နားရောဂါ ဖြစ်မည်။ အချစ်ရေးနှင့်အိမ်ထောင်ရေး သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။


ယတြာ - တနင်္ဂနွေနေ့မှာ တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ မြေဇာ ၉ ညွန့်၊ ကံ့ကော် ၉ ညွန့်၊ သပြေ ၉ ညွန့် ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

လုပ်ငန်းသစ်ပေါ်မည်။ သို့မဟုတ် လုပ်ငန်းသစ်အတွက် အင်တာဗျူးဝင်ရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ အိမ်နေရာအရွှေ့အပြောင်း ပေါ်မည်။ အနုပညာလုပ်ငန်းမှာ အနိုင်ကျင့်ခံရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အထက်လူကြီးကြောင့် စိတ်ညစ်ရမည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ရလိမ့်မည်။

ပညာရေးမှာ တိုးတက်မှု ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် ခါးနာ၊ ခါးကိုက် ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ မိဘများကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးလည်း သာယာမှုမရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၈ ဂဏန်းများ ဖြစ်မည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။


ယတြာ - တနင်္လာနေ့မှာ တန်ခိုးကြီးဘုရား တနင်္လာထောင့်မှာ တံခွန်နီ ၂ လက် ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုးမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ တင်ဒါ၊ ပါမစ်၊ လေလံကိစ္စများ အောင်မြင်မည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် အောင်မြင်မည်။ အနုပညာလုပ်ငန်းမှာ အတိုက်အခိုက်ပေါ်မည်။ ကြွေးကိစ္စစိတ်ညစ်ရမည်။ အမွေကိစ္စရှိပါက အဆင်ပြေသွားလိမ့်မည်။

ပညာရေးမှာ အောင်မြင်မှုများ ရရှိမည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါ ရမည်။ အချစ်ရေးမှာ အခြေအနေကောင်းပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နံ့သာရောင် ဖြစ်ပါသည်။


ယတြာ - အင်္ဂါနေ့တွင် တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့်၊ ဒန်း ၉ ညွန့် ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ ဘဏ် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခုမှ ချေးငွေရမည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ မြေအရောင်းအဝယ်ကိစ္စပေါ်မည်။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏အထင်လွဲမှားမှုကို ခံရမည်။ အိမ်ထောင်ရေးလည်း သာယာမှု မရှိပါ။ အိမ်ထောင်ဘက်နှင့် စကားများရမည်။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခဲပုတ်ရောင် ဖြစ်ပါသည်။


ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက် ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း


ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ တာဝန်ပိမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားမှာ ငွေရောက်မည်။ သူခိုးခိုးခံရတတ်သည်။ သတိထားပါ။ ဆေးရုံသို့လူနာမေးသွားရမည်။ မေးခဲ့သော်ကောင်း၏။

ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် အာရုံကြောအားနည်းမည်။ အချစ်ရေးနှင့်အိမ်ထောင်ရေး သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။


ယတြာ - ကြာသပတေးနေ့တွင် တန်ခိုးကြီးဘုရား ကြာသပတေးထောင့်မှာ ဖယောင်းတိုင် ၁၉ တိုင် ထွန်းညှိပူဇော်ပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ရပ်ဝေးမှ ငွေရောက်မည်။ ရပ်ဝေးသို့ ငွေပို့ရလိမ့်မည်။ မွေးမြူရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ အိမ်နေရာအရွေ့အပြောင်းပေါမည်။ အနုပညာလုပ်ငန်းအတွက် ခြေလှမ်းသစ်လှမ်းဖို့ အခွင့်အလမ်း ရလိမ့်မည်။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါ ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူနှင့် စိတ်သဘောထားကွဲလွဲမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရမည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ပြာရောင် ဖြစ်ပါသည်။


ယတြာ - သောကြာနေ့မှာ တန်ခိုးကြီးဘုရား သောကြာထောင့်မှာ ရွက်လှ ၉ ညွန့်၊ ဒန်း ၉ ညွန့်၊ ဇီး ၉ ညွန့် လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ပြုလုပ်ရလိမ့်မည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း ပေါ်မည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။

ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သောရောဂါ ဖြစ်မည်။ အချစ်ရေးနှင့်အိမ်ထောင်ရေး သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မိုးပြာရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့မှာ တန်ခိုးကြီးဘုရား စနေထောင့်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် ကပ်လှူပါ။

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ အိမ်၊ အိမ်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်းအတွက် သတင်းကောင်းကြားရမည်။ ဆွေမျိုးတစ်ဦးနှင့် လုပ်ငန်းအတူလုပ်ရမည်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းမည်။

ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ချစ်သူနှင့်အတူ အလှူဒါန ပြုလုပ်ရလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - တနင်္ဂနွေနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်တွင် အုန်းထမင်း ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

သံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုး သတင်းကြားရမည်။ မော်တော်ဆိုင်ကယ်အရောင်းအဝယ်ဖြစ်မည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ အမှုရှိပါက အမှုနိုင်မည်။ ရရန်ရှိသော ငွေများရမည့် သတင်းကောင်းကြားရမည်။

ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် နှလုံးအားနည်းမည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦးကြား အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - ဗုဒ္ဓဟူးနေ့မှာ တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ရွက်လှ ၁၉ ညွန့် ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မော်တော်ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းပါသည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ ကြွေးဟောင်းပြန်ရမည် (သို့မဟုတ်) ကြွေးဟောင်းပြန်ဆပ်နိုင်မည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။

ပညာရေးမှာ ရလဒ်ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - တနင်္လာနေ့မှာ တန်ခိုးကြီးဘုရား တနင်္လာထောင့်မှာ ခရေ ၂၂ ညွန့်ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်ပြောင်း၊ အလုပ်နေရာပြောင်းအတွက် သတင်းကောင်းကြားရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။ ဆွေမျိုးထဲမှာ မင်္ဂ္လာဆောင်သတင်းကြားပါက နိမိတ်ကောင်းသည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ သွားခဲ့သော် ကောင်း၏။

ပညာရေးမှာ နိုင်ငံခြားမှာ ကျောင်းလျှောက်ထားပါက ကျောင်းဝင်ခွင့်ရမည်။ ကျန်းမာရေးအနေဖြင့် အူရောင်မည်။ အချစ်ရေးမှာ ချစ်သူ၏ အထင်လွဲမှားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရလိမ့်မည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - အင်္ဂါနေ့မှာ တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ စပါယ် ၅ ကုံး ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ စိတ်ညစ်ရမည်။ ပြဿနာအနည်းငယ်ပေါ်မည်။ အိမ်ပြင်၊ အိမ်ဆောက်ရန် ခွင့်ပြုမိန့်ရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ အဝတ်အထည်ဟောင်းများ ထွက်မည်။ စပ်တူရှယ်ယာလုပ်ငန်းပေါ်မည် (သို့မဟုတ်) စပ်တူရှယ်ယာလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိမည်။

ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် သွားနာ၊ သွားကိုက် ဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - ကြာသပတေးနေ့မှာ တန်ခိုးကြီးဘုရား ကြာသပတေးထောင့်မှာ မုန့်ဖက်ထုတ် ၅ ထုတ် ကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားမှာ ငွေရောက်မည်။ သို့မဟုတ် နိုင်ငံခြားမှငွေပို့ရမည်။ မော်တော်ကားအရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ်မည်။ အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးကောင်းမည်။

ပညာရေးမှာ ယှဉ်ပြိုင်မှုများ ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ စိမ်းကားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း သာယာမှု မရှိပါ။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၇ ဂဏန်းများ ဖြစ်ပါသည်။

ယတြာ - သောကြာနေ့မှာ တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သပြေ ၂၅ ညွန့် ကပ်လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝင်ငွေကောင်းမည်။ လုပ်ငန်းအတွက် သတင်းကောင်းကြားရမည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ ဘုရားဖူးခရီးသွားရန် အစီအစဉ် ပြုလုပ်ရမည်။ ရွှေလုပ်ငန်း၊ ရွှေရောင်းဝယ်သော လုပ်ငန်းမှာ အကျိုးအမြတ်ရမည်။

ပညာရေးမှာ စိန်ခေါ်မှုရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် လေထိုးလေအောင့် ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူနှင့် အဆက်အသွယ် ပြတ်နေလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ငြိုငြင်ခြင်းကို ခံရလိမ့်မည်။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။


ယတြာ - စနေနေ့မှာ တန်ခိုးကြီးဘုရား စနေထောင့်တွင် ထီးဖြူ ၅ လက်ကပ်လှူပါ။

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက ရာထူးပြောင်းရမည်။ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းဝင်မည်။ ဆေးရုံကိုလူနာမေးသွားရမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ ဒီလမှာဝင်ငွေကြမ်းသလို ထွက်ငွေကြမ်းမည်။ မိသားစုအတွင်းမှာ အဆင်မပြေမှုများရှိပါကလည်း အဆင်ပြေသွားလိမ့်မည်။ နိုင်ငံခြားခရီးထွက်ရလိမ့်မည်။

ကျန်းမာရေးကတော့ ဆီးရောဂါဖြစ်မည်။ ပညာရေးမှာ ကျောင်းလျှောက်ထားပါက ကျောင်းဝင်ခွင့်ရမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးသာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၆၊ ၈၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ အုန်းထမင်း ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ပြည်ပကို အလုပ်လှမ်းလျှောက်ထားပါက သို့မဟုတ်ပါက ပြည်ပမှာ အလုပ်ရှာနေပါက အလုပ်ရမည်။ မြေအရောင်းအဝယ်အတွက် စရံငွေအပေးအယူစာချုပ် ချုပ်ရမည်။ ရပ်ဝေးမှ ငွေရောက်မည်။ သို့မဟုတ်ပါက ရပ်ဝေးသို့ငွေပို့ရမည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေး ကောင်းပါသည်။ အွန်လိုင်းအရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။

ကျန်းမာရေးကတော့ ခြေထောက်နာမည်။ ပညာရေးမှာ ရလာဒ်ကောင်းပါသည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦးကြားမှာ ဗျာများမည်။ အိမ်ထောင်ရေးကတော့ အဆင်ပြေပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၂၊ ၅၊ ၇ ဂဏန်းများဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့မှာ တန်ခိုးကြီးဘုရား တနင်္လာထောင့်မှာ ငွေထီး ၂ လက် ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မျှော်လင့်ထားသောငွေ သို့မဟုတ် လုပ်ငန်းရမည့် သတင်းကြားရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။ နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး သောကရောက်မည်။ ရပ်ဝေးရောက်နေသော မိသားစုဝင်တစ်ဦး ကောင်းမွန်စွာ ပြန်ရောက်လာမည်။ မော်တော်ဆိုင်ကယ် အသစ်တစ်စီးဝင်မည်။

ကျန်းမာရေးကတော့ ရင်ဘတ်အောင့်မည်။ ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၃၊ ၅၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့မှာ တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ စံပယ် ၅ ကုံး ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်နေရာ အရွှေ့အပြောင်းပေါ်မည် သို့မဟုတ် အိမ်သစ်တက်ရမည်။ တင်ဒါ၊ ပါမစ် စသည့် အပြိုင်အဆိုင် စီးပွားရေးများမှာ အောင်မြင်မည်။ စိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်းပေါ်မည်။ သူခိုးခိုးခံရမည် သို့မဟုတ် လူလိမ်ခံရမည်။ သတိထားပါ။

ကျန်းမာရေးကတော့ ချောင်းဆိုးမည်။ ပညာရေးမှာ ကံကောင်းပါသည်။ နိုင်ငံခြားမှာ ကျောင်းလျှောက်ထားပါက ကျောင်းဝင်ခွင့်ရမည်။ အချစ်ရေးမှာ ချစ်သူ၏ အထင်လွဲမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကား များရမည်။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၆၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့မှာ တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ယို ၄ မျိုး ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ တောင်ကုန်း၊ တောင်တန်းဘက် သို့မဟုတ် ပင်လယ်ကမ်းခြေဘက်သို့ ခရီးထွက်ရမည်။ ဘုရားဆင်းတုတော်၊ ဘုရားပုံတော် မြင့်မြတ်သောပုံတော်များ နေအိမ်သို့ ကြွမြန်းလာမည်။ ဝင်ငွေကောင်းမည်။ ဘဏ် သို့မဟုတ် ချေးငွေအဖွဲ့ အစည်းတစ်ခုခုမှာ ချေးငွေတင်ထားပါက ချေးငွေရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။

ကျန်းမာရေးကတော့ သွားနာသွားကိုက်ဖြစ်မည်။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေထားပါက အောင်မြင်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးသာယာပါသည်။

ကံကောင်းသော ဂဏန်းများမှာ ၂၊ ၄၊ ၆ ဂဏန်းများဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားခရီး သွားရမည် သို့မဟုတ် နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ လုပ်ငန်းသစ် ဆိုင်သစ်အတွက် သတင်းကောင်းကြားရမည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ ဆိုင်ကယ်အတွက် သောကများမည်။

ကျန်းမာရေးကတော့ စိတ်ဖိစီးမှုများမည်။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ အချစ်ရေးမှာ ချစ်သူထံမှ အမုန်းစကားကြားရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးများကြောင့် စိတ်ညစ်ရမည်။

ကံကောင်းသော ဂဏန်းများမှာ ၃၊ ၇ ၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာ - သောကြာနေ့မှာ တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သစ်သီး ၆ လုံး ကပ်လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်အတွင်း ဖိအားများမည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ရရန်ရှိသောငွေများဝင်မည့် သတင်းကောင်းကြားရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိမည်။ ရွှေနှင့် ပတ်သက်သော လုပ်ငန်းများမှာ အကျိုးအမြတ်များ ရရှိမည်။ တယ်လီဖုန်း ပျက်မည်။ ပျောက်မည်။

ကျန်းမာရေးကတော့ အစာအိမ်ရောဂါဖြစ်မည်။ ပညာရေးမှာ အပြိုင်အဆိုင်များမည် ကြိုးစားပါ။ အချစ်ရေးနှင့် အိမ်ထောင်ရေးသာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၆၊ ၇ ဂဏန်းများဖြစ်ပါသည်။

ယတြာ - စနေနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ နွားနို့ထမင်း ကပ်လှူပါ။

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်အသစ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ အမှုရှိပါက ၎င်းအမှုအတွက် သတင်းကောင်းကြားရမည်။ ဝင်ငွေကောင်းရမည်။ လျှပ်စစ်နှင့်ပတ်သက်သော ပစ္စည်းများပျက်မည်။ စာချုပ်စာတမ်းတစ်စောင် ပြုလုပ်ရမည်။ ကောင်း၏။ ဆေးရုံကို လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ ရွှေလုပ်ငန်း၊ ရွှေအရောင်းအဝယ်လုပ်ငန်းများမှာ အရှုံးပေါ်တတ်သည်။ ဆုံးဖြတ်ချက်မှားတတ်သည်။ နေအိမ်ကို ပန်းပင်၊ ပန်းအိုးရောက်ပါက ၂ အစ ၄ အဆုံး ထီထိုးပါ။ ကျန်းမာရေးကတော့ သွားနာ၊ သွားကိုက်ဖြစ်မည်။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦးကြား နားလည်မှုလွဲမှားလိမ့်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။
ကံကောင်းသော ဂဏန်းများမှာ ၂၊ ၄၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ တနင်္ဂနွေနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ ထမင်းဆီဆမ်း (၃) ပွဲ ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားကို အလုပ်လှမ်း‌လျှောက်ထားပါက (သို့မဟုတ်) နိုင်ငံခြားမှာ ရှာထားပါက အလုပ်ရမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ အမွေကိစ္စအတွက် သတင်းကောင်းကြားရမည်။ အနုပညာလုပ်ငန်းအတွက် အစီအစဉ်သစ်များပြုလုပ်ရလိမ့်မည်။ အောင်မြင်မည်။ မော်တော်ဆိုင်ကယ်အသစ်တစ်စီး ဝင်မည်။ ဆွေမျိုးထဲမှာ မင်္ဂလာဆောင်သောသတင်းကြားရမည်။ ကြားပါက နိမိတ်ကောင်းသည်။ လိပ်ပြာအဖြူ (သို့မဟုတ်) အနက်တစ်ကောင်ကို မြင်မည်။ မြင်ပါက ၆ အစ ၉ အဆုံး ထီထိုးပါ။ ကျန်းမာရေးကတော့ ဆီးရောဂါဖြစ်မည်။ ပညာရေးမှာ တိုးတက်မှုရှိပါသည်။ အချစ်ရေးမှာ ချစ်သူဟောင်းနှင့် ပြန်ဆက်သွယ်ရလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသော ဂဏန်းများမှာ ၆၊ ၇၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ တနင်္လာနေ့မှာ တန်ခိုးကြီးဘုရား တနင်္လာထောင့်မှာ ငွေထီး (၂) လက် ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ အိမ်ပြင်ခြင်း၊ အိမ်ဆောက်ခြင်းအတွက် အစီအစဉ်ပြုလုပ်ရမည်။ ပျောက်နေသောပစ္စည်း ပြန်တွေ့မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ တင်ဒါအပြိုင်စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ လယ်ယာသုံးစက်ပစ္စည်း ဝင်မည်။ ကြွေးဟောင်းပြန်ရမည်။ ကြွေးဟောင်းပြန်ဆပ်နိုင်မည်။ ရပ်ဝေးရောက်နေသော မိသားစုဝင်တစ်ဦးအတွက် သတင်းကောင်းကြားရမည်။ နေအိမ်ကို အရက်ပုလင်း၊ ဘီယာပုလင်း၊ ဘီယာဘူးရောက်ပါက ကံညံ့မည်။ နေအိမ်ကို ရွှေဖရုံသီး (သို့မဟုတ်) ကျောက်ဖရုံသီးတစ်လုံးရောက်ရှိပါက ၃ အစ ၉ အဆုံး ထီထိုးပါ။ ကျန်းမာရေးကတော့ အစာအိမ်ရောင်မည်။ ပညာရေးမှာ တိုးတက်မှုရှိပါသည်။အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာပါသည်။
ကံကောင်းသော ဂဏန်းများမှာ ၃၊ ၄၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ အင်္ဂါနေ့မှာ တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ စံပယ်ပန်းများဖြင့် ပန်းစေတီတည်ပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝင်ငွေကောင်းမည်။ ရင်းနှီးမြှုပ်နှံမှုအသစ် ပြုလုပ်ရလိမ့်မည်။ စပ်တူရှယ်ယာလုပ်ငန်းများမှာ စာရင်းရှင်းရလိမ့်မည်။ မြေအရောင်းအဝယ်ဖြစ်မည်။ တယ်လီဖုန်းပျက်မည်။ ပျောက်မည်။ မော်တော်ဆိုင်ကယ်အတွက် သောကများမည်။ မော်တော်ကားအတွက် ငွေကုန်မည်။ (သို့မဟုတ်) အရောင်းအဝယ်မှားမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ အနှောင့်အယှက်များမည်။ နေအိမ်ကို သေတ္တာရောက်ပါက ကံညံ့မည်။ နေအိမ်ကို ထမင်းအိုးပေါင်းအိုး (သို့မဟုတ်) ဟင်းပေါင်းအိုးတစ်မျိုးမျိုးဝင်ရောက်ပါက ၂ အစ ၃ အဆုံး ထီထိုးပါ။ ကျန်းမာရေးမှာ ခြေထောက်နာမည်။ ပညာရေးမှာ တိုးတက်မှုရှိပါတယ်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။
ကံကောင်းသော ဂဏန်းများမှာ ၂၊ ၃၊ ၅ ဂဏန်းတွေဖြစ်ပါသည်။

ယတြာကတော့ ဗုဒ္ဓဟူးနေ့မှာ တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး (၄) လက် ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုးသတင်းကြားရမည်။ လုပ်ငန်းသစ်လုပ်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းများ ပြုလုပ်ရလိမ့်မည်။ အောင်မြင်မည်။ ဆွေမျိုးတစ်ဦး၏ ကျန်းမာရေးကို ကူညီရလိမ့်မည်။ ဘဏ်တစ်ဘဏ် (သို့မဟုတ်) ချေးငွေဌာနတစ်ခုမှာ ချေးငွေတင်ထားပါက ချေးငွေရမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်းအရောင်းအဝယ်ဖြစ်မည်။ အမျိုးထဲမှာ၊ အသိထဲမှာ၊ အနီးအနားမှာ ကလေးမွေးသော သတင်းကြားပါက ၃ အစ ၇ အဆုံး ထီထိုးပါ။ ပညာရေးအတွက် သတင်းကောင်းများကြားရမည်။ ကျန်းမာရေးကတော့ ကိုယ်လက်အင်္ဂါယားယံသော ဝေဒနာခံစားရမည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦးကြား အနှောင့်အယှက်ဝင်မည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။
ကံကောင်းသော ဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ ကြာသပတေးနေ့မှာ တန်ခိုးကြီးဘုရား ကြာသပတေးထောင့်မှာ ဇီး (၉) ညွန့်၊ သပြေ (၉) ညွန့်၊ ကံ့ကော် (၉) ညွန့် ကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်းပေါ်မည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ မြေအရောင်းအဝယ် အထစ်အငေါ့ဖြစ်နေပါက ၎င်းမြေနှင့်ပတ်သက်သော စာရွက်စာတမ်းပေါ်မှာ တူ (၂) ချောင်းတင်ပါ။ ၎င်းမြေ ဈေးကောင်းကောင်းနှင့် ရောင်းထွက်မည်။ အနုပညာလုပ်ငန်းမှာ စန်းပွင့်မည်။ မြွေတွေ့ခြင်း၊ မြွေကို အိပ်မက်မက်ခြင်းဖြစ်ပေါ်က ၅ အစ ၇ အဆုံး ထီထိုးပါ။ ကျန်းမာရေးကတော့ ရင်ညွန့် (သို့မဟုတ်) ကျောဘက်အောင့်မည်။ ပညာရေးမှာ နိုင်ငံခြားသို့ ကျောင်းသွားတတ်ရမည်။ အချစ်ရေးမှာ ချစ်သူနှစ်ဦးကြားဗျာများမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရမည်။
ကံကောင်းသော ဂဏန်းများမှာ ၅၊ ၆၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ သောကြာနေ့မှာ သက်သက်လွတ်စားပါ။ နေအိမ်ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလုပ်ပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

နိုင်ငံခြားမှ ငွေရောက်မည်။ (သို့မဟုတ်) နိုင်ငံခြားငွေဝင်မည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း တိုးတက်မှုရှိမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းများမှာ အကျိုးအမြတ်များရရှိမည်။ ထွက်ထားသော ရွှေများ ပြန်ဝင်မည်။ အဖိုးတန်အဝတ်အထည်သစ်များ ဝင်မည်။ နေအိမ်ကို ပျားရည်ရောက်ရမည်။ ရောက်ပါက ၄ အစ ၈ အဆုံး ထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုအားနည်းနေပါသည်။ ကျန်းမာရေးမှာ ချောင်းဆိုးမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာပါသည်။
ကံကောင်းသော ဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာကတော့ စနေနေ့မှာ တန်ခိုးကြီးဘုရား စနေထောင့်မှာ မြေစာ (၉) ညွန့်၊ အုန်း (၉) ညွန့်၊ ရွက်လှ (၉) ညွန့် ကပ်လှူပါ။