၇ရက် သားသမီးများ အတွက် 28-12-2025 မှ 03-01-2026 အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်အသစ်အတွက် သတင်းကောင်းကြားရမည်။ သို့မဟုတ် အလုပ်အသစ်အတွက် အင်တာဗျူးဝင်ရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ မြေအရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ်မည်။ ရွှေလုပ်ငန်းမှာ စိတ်ညစ်ရမည်။ ဆေးရုံသို့လူနာမေးသွားရမည်။ မေးခဲ့သော်ကောင်း၏။

ကျန်းမာရေးကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်မည်။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ အချစ်ရေးနှင့် အိမ်ထောင်ရေး သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့ တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ မြေစာ ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ကံ့ကော် ၉ ညွန့် ကပ်လှူပါ။

တနလာင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ရပ်ဝေးမှ‌ငွေရောက်မည်။ သို့မဟုတ် ရပ်ဝေးသို့ ငွေပို့ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အတိုက်အခိုက်ပေါ်မည်။ မနာလိုသူပေါ်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ မော်တော်ကား အရောင်းအဝယ်ဖြစ်မည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။

ပညာရေးတိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့် သွားနာ၊ သွားကိုက်ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူနှင့် အဆက်အသွယ်ပြတ်လိမ့်မည်။ အိမ်ထောင်ရေးလည်း မကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ ကျောက်ကျော ၅ တုံး ကပ်လှူပါ။

အဂါင်္နေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မော်တော်ကား အရောင်းအဝယ်ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လစာတိုးမည်။ ရာထူးတိုးမည်။ ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေးကောင်းမည်။ အိမ်နေရာ အရွှေ့အပြောင်း ကိစ္စကိုစီမံခန့်ခွဲရမည်။ ဆေးရုံကိုလူနာမေးသွားရမည်။ သွားခဲ့သော် ကောင်း၏။ စာချုပ်စာတန်းပြုလုပ်ရမည်။ ကောင်းသောစာချုပ်ဖြစ်ပါသည်။

ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ ပညာရေးမှာ နိုင်ငံခြားသို့ ကျောင်းဝင်ခွင့်ရမည်။ အချစ်ရေးမှာချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ရေးလည်းသာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၅ ဂဏန်းများဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့မှာ စာကလေး ၃ ကောင်လွှတ်ပါ။

ဗုဒ္ဓဟူးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ လုပ်ငန်းအတွက် သတင်းကောင်းကြားရမည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုးသတင်းကြားရမည်။ မော်တော်ဆိုင်ကယ်အရောင်းအဝယ်ဖြစ်မည်။ အလှူဒါန ပြုလုပ်ရမည်။ တောင်ကုန်းတောင်တန်းဘက်သို့ခရီးထွက်ရမည်။ ဝင်ငွေကောင်းမည်။ လမ်းထဲမှာနာရေးဖြစ်မည်။ မသွားရ။

ပညာရေးမှာ အောင်မြင်မှုများရမည်။ စာမေးပွဲ အောင်မည်။ ကျန်းမာရေးအနေဖြင့် လေထိုးလေအောင့်ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူထံမှအမုန်းစကား ကြားရမည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၈ ဂဏန်းများဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ လက်ဖက်ပွဲ ကပ်လှူပါ။

ကြာသပတေးနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

မော်တော်ဆိုင်ကယ် အရောင်းအဝယ်မှားမည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာအခက်အခဲပေါ်မည်။ အမှုကိစ္စအတွက် ရင်အေးရမည်။ ရရန်ရှိသောငွေများဝင်မည်။

ပညာရေးမှာ ရုန်းကန်ရလိမ့်မည်။ ကျန်းမာရေးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်မည်။ အချစ်ရေးမှာချစ်သူ၏ စိမ်းကားမှုကိုခံရလိမ့်မည်။ အိမ်ထောင်ရေးလည်းအခြေအနေမကောင်းပါ။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၇ ဂဏန်းများဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်မှာ ပဲပေါက်ဆီ ၅ လုံးကပ်လှူပါ။

သောကြာနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

အိမ်နေရာအရွှေ့အပြောင်းကိစ္စအတွက် အစီအစဉ် ပြုလုပ်ရမည်။ နိုင်ငံခြား သံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ အလုပ်သစ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ သူခိုးခိုးခံရမည်၊ ခါးပိုက်နှိုက် ခံရမည်။ ကြွေးကိစ္စအတွက် သတင်းကောင်းကြားရမည်။

ကျန်းမာရေးအနေဖြင့် အူရောင်မည်။ ပညာရေးမှာ အစီအစဉ်သစ်ပေါ်မည်။ အချစ်ရေးမှာ ချစ်သူနှင့်အတူ အလှူပြုလုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၆၊ ၇၊ ၉ ဂဏန်းများဖြစ်ပါသည်။

ယတြာ - သောကြာနေ့မှာ တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သစ်သီး ၆ လုံးကပ်လှူပါ။

စနေနေ့ သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုးမည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာ ရမည်။ မော်တော်ကား အရောင်းအဝယ်ဖြစ်မည်။ ရေလုပ်ငန်း ၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ နေအိမ်သို့ သေတ္တာရောက်ပါက ကံညံ့မည်။

ပညာရေးမှာ တိုးတက်မှု ရှိပါသည်။ ကျန်းမာရေးအနေဖြင့် နှလုံးအားနည်းမည်။ အချစ်ရေးမှာချစ်သူ၏ ကတိမတည်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးတစ်ဦးဒုက္ခပေးမည်။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၅ ဂဏန်းများဖြစ်ပါသည်။

ယတြာ - စနေနေ့မှာ တန်ခိုးကြီးဘုရားစနေထောင့်မှာ ထီးနီ ၅ လက်ကပ်လှူပါ။