My Account

တနင်္ဂနွေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (အဂါင်္ သက်ရောက်)

သင် . . . ဒီနှစ်ပိုင်းမှာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများ၏ ဆန့်ကျင်တော်လှန်မှုတွေကိုယ် ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့ အလုပ်ကိုယ်လည်း စိတ်မဝင်စားတော့ပဲ စိတ်လေနေတတ်ပါတယ်။
  စီးပွားရေးမကောင်းပါ။ စီးပွားတတ်တော့မလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဖက်က ပိုများနေပါတယ်။ ကြွေးတင်မယ်။ သို့မဟုတ် ကြွေးမရဖြစ်မယ်။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ်ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။
  ပဲ၊ နှမ်း ရောင်းဝယ်ဖောက်ကားမှုနဲ့ အကျိုးပေးမယ်။ ကြက်သွန်လှောင်ပါက ရှုံးမယ်။
  သွားကိုက် ခါးနာတစ်မျိုးမျိုးဖြစ်မယ်။
  သူခိုးခိုးခံရတတ်ပါတယ်။
  မြေအရောင်းအဝယ်ကိစ္စပေါ်မယ်။ အောင်မြင်မယ်။
  ပညာရေးအထူးကောင်းမယ်။ နိုင်ငံခြားခရီးတွေ ရှိတယ်။ သင်တန်းကိစ္စ၊ စာမေးပွဲကိစ္စပေါ်မယ်။ နိုင်ငံခြားသို့ ပညာရေးကိစ္စနှင့်လည်း သွားရမယ်။
  အမိ၊ အဖတစ်ဦးဦးကျမ်းမာရေး ညံ့မယ်။
  အိမ်ထောင်ရှိပါက အိမ်ထောင်ရေးစိတ်ညစ်ရမယ်။
  အချစ်ရေး ညံ့ပါတယ်။ ချစ်သူနဲ့ခွဲခွာရကိန်းရှိတယ်။
ထီကံကောင်းတယ်။ သင် . . . . ထီထိုးပါက ‘၅’ အစ’၇’ အဆုံး အောင်ဘာလေထီထိုးပါ။ မြွေမြင်လျှင်၊ မြွေအိပ်မက်မက်လျှင် ထီမုချပေါက်မယ်။
လမ်းထဲမှာ နာရေးပေါ်မယ်။ မသွားသင့်ပါ။
စာချုပ်စာတမ်းများ ပြုလုပ်ရမယ်။ ကောင်းသောလုပ်ခြင်းဖြစ်ပါတယ်။

အထူးမှာကြားချက်
  တနင်္ဂနွေသားသမီး မည်သူမဆို အသက် (၂၇) နှစ် (၃၅) နှင့် အရွယ်များတွင် အထူးဂရုစိုက်ရမယ်။ အမှုအခင်းဖြစ်ခြင်း၊ လက်ခြေတို့၌ ပြင်းထန်စွာဒဏ်ရာရခြင်း စသည်တို့ တွေ့ကြုံရတတ်ပါတယ်။ ထို့ကြောင့် တစ်ခုသောအင်္ဂါနေ့ ညနေ (၃) နာရီတွင် သစ္စာပန်း(၃) ပွင့်၊ သရက်ညွန့် (၈) ညွန့်ကို ဘုရားပန်းအဖြစ် အိမ်ဘုရား၌ ပင် လှူဒါန်းပြီး ထိုသို့မဖြစ်ရန် ဆုတောင်းပါလေ။ ဖြစ်နိုင်လျှင် သက်သတ်လွတ် (၈) ရက်စားပါက တွေ့ကြုံရမည့် ဒုက္ခများပြေငြိမ်းသွားပါလိမ့်မယ်။ အိုးဟောင်းကို တနင်္ဂနွေနေ့မှာ ရေမျှောရမယ်။ ထီးဟောင်းတစ်လက်ကို အိမ်၏အနောက်အရပ်မှာ စွန့်ပါ။

ယတြာ

စနေနေ့ စနေထောင့်မှာ ထီးဖြူ(၇) လက်ကပ်လှူပါ။
  နေ့စဉ်ဆွမ်းငါးပွဲ ကပ်လှူပါ။ ဆွမ်းပေါ်မှာပေါက်ပေါက်ထည့်ပြီး ကပ်ပါ။
  သောကြာနေ့မှာ သခွါးသီးတစ်လုံးတွင် သင်၏နံမည်နှင့် မွေးနေ့သက္ကရာဇ်ကို ရေးပြီးရေမျှောပါ။ တနင်္ဂနွေနေ့မှာ သင်၏အင်္ကျီဟောင်းတစ်ထည်ကို ရေမျှောပါ။