My Account

တနင်္ဂနွေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ရာဟု သက်ရောက်)

သင် . . . ဒီနှစ်ထဲမှာ အညံ့အနည်းငယ်ရှိပါတယ်။ အလုပ်လုပ်ရတာလည်း အခက်အခဲတွေနဲ့ တွေ့လိမ့်မယ်။ အလုပ်ကလည်း ပင်ပန်းတဲ့အလုပ်မျိုးဖြစ်နေတတ်သည်။ ကျိန်းသေအောင်မြင် ဖြစ်ထွန်းမည့် အရာတွေနဲ့လည်း လွဲချော်နေတတ်သည်။ ကျန်းမာရေးလည်း ညံ့တတ်ပါတယ်။
  ဒုက္ခတွေ တစ်ခုပြီးတစ်ခု ရောက်လာတတ်တယ်။ သောကြာသားသမီးတစ်ယောက် သင့်အိမ်မှာ ညအိပ်တည်း ခိုလိုက်ရင်တော့ အဲဒီဒုက္ခတွေက လွတ်သွားလိမ့်မယ်။
  အလုပ်အကိုင် ထိခိုက်တတ်တယ်။ အိမ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေးညံ့လို့ ဆေးခန်းပို့ရတတ်သည်။
  သူတစ်ပါးက သင့်ကို အကြောင်းမဲ့တိုက်ခိုက်ပြီး အကျိုးမဲ့အောင် ပြုလုပ်တတ်တယ်။ ပြီးတော့ မကောင်းသတင်းလည်း လွှင့်တတ်ပါသေးတယ်။
  ရပ်ဝေးက သက်ကြီးရွယ်အိုတွေ ကိုယ့်ဆီလာပြီး တည်းခိုတတ်သည်။ ပြီးတော့ ရုတ်တရက် ကျန်းမာရေး ညံ့ပြီး ဆုံးပါးတတ်ပါတယ်။ လက်မခံရင် အကောင်းဆုံးပါပဲ။
  သူများအတွက် သက်သေလိုက်ရတတ်သည်။ အမှုအချုပ် ရောက်နေတဲ့သူကို အာမခံနဲ့ သွားပြီးထုတ်ပေးရတတ်တယ်။ ပြီးတော့ အဲဒီလူကပဲ ကိုယ့်ကို အကောင်းမပြောဘဲ ကျေးဇူးကန်းတာကို ခံရလိမ့်မယ်။
  ပြီးခဲ့တဲ့နှစ်က ကံညံ့လို့ ငွေကြေးဥစ္စာပစ္စည်းတွေ ကုန်ကျခဲ့တယ်။ ကျန်တာလေးတွေ ဒီနှစ်ထဲမှာ ထပ်ပြီး ကုန်သွားလိမ့်မယ်။ ကံဇာတာညံ့နေတယ်။ အထူး သတိထားပါ။
  ငွေတွေဘာတွေ ပျောက်တတ်တယ်။ အသက်ကို မထိခိုက်တဲ့တိုင်အောင် ကားနဲ့တော့ တိုးမိတတ်တယ်။ ပွတ်သွားတာမျိုး ခံရတတ်ပါတယ်။
  ခွဲစိတ်ကုသခံရဖို့ ကိန်းတွေ ကြုံတတ်တယ်။ ရုတ်တရက် လေအောင့်တာတို့ ဘာတို့ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ဘာတွေရှိရင်လည်း သတိထားရမယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်ကျတတ်တယ်။
  သွေးကို အကြောင်းပြုတဲ့ ရောဂါတွေရတတ်ပါတယ်။


အထူးမှာကြားချက်
  တနင်္ဂနွေသားသမီး မည်သူမဆို အသက်(၅၃) နှစ်အရွယ်တွင် သွေးထွက်သံယိုဖြစ်ခြင်း၊ ထိခိုက်မိခြင်း၊ အမှုအခင်းဖြစ်ပြီး၊ စီးပွားရေး အကျပ်အတည်းဖြစ်ခြင်း၊ ခွဲစိတ်ကုသခံရမည့် ရောဂါ မျိုးဖြစ်ခြင်းများ ဖြစ်တတ်ပါတယ်။ ထိုအန္တရာယ်မျိုးမှ လွတ်မြောက်နိုင်ရန်အတွက် မကြာခဏ (၈) ပါးသီလ၊ (၉) ပါးသီလများ ဆောက်တည်ရပါမယ်။ ဘေးမဲ့လွှတ်ခြင်းများ၊ ငါးလွှတ်ခြင်း၊ ကြက်လွှတ်ခြင်းများ ပြုလုပ်ရပါမယ်။ ထို့ပြင် စနေနေ့ညနေ (၃) နာရီ၌ ပဲခူးမြို့မှ ဝယ်သော ပန်းကန်ပေါ်တွင် ဖယောင်းတိုင် (၅) တိုင်စိုက်ထူပြီး အထက်ပုဂ္ဂိုလ် ဝိဇ္ဇာမိုရ်ကြီးများထံတွင် တိုင်တည်ပြီး ဘေးဥပါဒ်အန္တရာယ်များ ကင်းလွတ်ရန် ဆုတောင်းပါလေ။

ယတြာ

ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ ညံ့နေတာ ထင်ရှားပါတယ်။ မွေးနေ့ညနေပိုင်းမှာ ငါးသက်စေ့ လွှတ်ပေးပါ။ လွှတ်ရင် မြစ်ချောင်းထဲမှာ သွားလွှတ်ပါ။ စနေနေ့ မနက်စောစော စနေထောင့်မှာ ထီးနီသက်စေ့ လှူလိုက်ပါ။ ဘုန်းကြီးကိုလည်း စတုမဓုလှူပါ။
  စနေနေ့ မနက်ပိုင်းမှာ နွားကို အစာကျွေးပါ။
  မြေချိုင့်တွေ ဘာတွေရှာပြီး အုန်းခွံနဲ့ လမ်းခင်းပေးပါ။
  သီလရှိသူကို ရှာပြီး ထီးတစ်လက်လှူလိုက်ပါ။