My Account

တနင်္ဂနွေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (စနေ သက်ရောက်)

သင်သည် ဒီနှစ်မှာ သင့်အတွက် ကံကောင်းတဲ့နှစ် တစ်နှစ်ပါပဲ။ ခရီးဝေး၊ ခရီးနီး နှစ်မျိုးစလုံး ပျော်ပျော်ရွှင်ရွှင် သွားရတတ်သည်။ ရာထူးတွေလည်း တိုးလိမ့်မည်။ ဆုံးမလို ဖြစ်နေသော ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊ အဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မည်။ ခါတိုင်းနှစ်နဲ့မတူပါ။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မယ်။ ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မယ်။ ငွေတွေကလည်း ဝင်လာမှာ တသောသောပါပဲ။ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံမည့်နှစ်ပါပဲ။
  အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလည်း ရလိမ့်မယ်။ စက်တွေ စိန်တွေလည်း ဝင်တတ်တယ်။ မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရတတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်သူဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။
  ဒီနှစ်ကတော့ စိတ်တိုင်းကျ ကောင်းမည့်နှစ်ပါ။ မိမိမျှော်လင့် မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။ ရာထူးကြီးတွေ မြင့်တက်သွားမယ်။ အလွန်ကောင်းတဲ့နှစ်ပါပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။
  မတွေ့တာကြာပြီဖြစ်သော မိတ်ဆွေများ နှင့် ပြန်လည်တွေ့ဆုံရတတ်ပါတယ်။

ယတြာ

အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။
  မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။ အင်္ဂါနေ့တိုင်း ဆီထင်း (၅) ပွဲ ဘုရားမှာလှူပါ။
  အုန်းသီးမထည့်နဲ့နော်။ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ မုန့်စိမ်းပေါင်း (၃) ပန်းကန်လှူပါ။ အုန်းသီးမထည့်ပါနဲ့။