My Account

တနလာၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (တနလာင်္ သက်ရောက်)

သင် . . . ဒီနှစ်ပိုင်းမှာ အိမ်မှာနေရတာကို မပျော်ပိုက်ဘဲ ရှိလိမ့်မယ်။ အကြောင်းအမျိုးမျိုးနဲ့ မြည်တွန်တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။
  မနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်းတွေ ပေးရင်တော့ အညံ့တွေပျောက်သွားတတ်ပါတယ်။ အိမ်တွင်းရေးလည်း မသာမယာဖြစ် တတ်ပါတယ်။
  ဒီနှစ်အတွင်းမှ မိတ်ဆွေဟာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။
  စီးပွားရေးမကောင်းပါ။ စီးပွားတက်တော့မလိုလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက်အပျက်ဘက်က ပိုများနေပါတယ်။ ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ်ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။
  သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီးပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။
  ညံ့နေတဲ့အထဲကနေပြီး မြေတွေဘာတွေဝင် လာတတ်ပါတယ်။ ဒီနှစ်မျိုးမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေဘာတွေ ဖြစ်တတ်ပါတယ်။ သတိထားပါ။



အထူးမှာကြားချက်
  တနင်္လာသားသမီး မည်သူမဆို အသက် (၂၆) နှစ် (၃၄) နှင့် အရွယ်များတွင် အထူး ဂရုစိုက်ရမယ်။ အမှုအခင်းဖြစ်ခြင်း၊ လက်ခြေတို့၌ ပြင်းထန်စွာ ဒဏ်ရာရခြင်းစသည်တို့ တွေ့ကြုံရတတ်ပါတယ်။ ထို့ကြောင့် တစ်ခုသော အင်္ဂါနေ့ညနေ (၃) နာရီတွင် သစ္စာပန်း (၃) ပွင့်၊ သရက်ညွန့် (၈) ညွန့်ကို ဘုရားပန်းအဖြစ် အိမ်ဘုရား၌ပင် လှူဒါန်းပြီး ထိုသို့မဖြစ်ရန် ဆုတောင်းပါလေ။ ဖြစ်နိုင်လျှင် သက်သတ်လွတ် (၈) ရက်စားပါက တွေ့ကြုံရမည့် ဒုက္ခများ ပြေငြိမ်းသွားပါလိမ့်မယ်။ အိုးဟောင်းကို တနင်္ဂနွေနေ့မှာ ရေမျှောရမယ်။ ထီးဟောင်းတစ်လက်ကို အိမ်၏အနောက်အရပ်မှာ စွန့်ပါ။

ယတြာ

တနင်္လာသားသမီး မည်သူမဆို အသက် (၁၈) နှစ်အရွယ်တွင် စိတ်ညစ်စရာများ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ထိုသို့မဖြစ်စေရန်အတွက် ဂုဏ်တော် (၉) ပါးကို မကြာခဏ ပုတီးစိပ်ပေးရပါမယ်။ ထို့ပြင် အင်္ဂါနေ့ညနေ (၃)နာရီတွင် အုန်းနို့ခေါက်ဆွဲ (၁) ပန်းကန်၊ အုန်းနို့ (၁) ခွက်ကို မိမိထက် အသက်ကြီးသူအား ကျွေးမွေးလှူဒါန်း၍ မိမိတွေ့ကြုံမည့် အခက်အခဲများကို ပြေပျောက်စေရန် ဆုတောင်းရပါမယ်။
  မိတ်ဆွေ ဒီနှစ်ဟာ မိတ်ဆွေအတွက် ညံ့တဲ့နှစ်ပါ။ အဲဒီအညံ့တွေ ပြေပျောက်သွားအောင် မကြာခဏသင်္ကန်းလှူပေးပါ။ ဘုရားဝေယျဝစ္စတွေ လုပ်ပေးပါ။ မကြာခဏ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။ အခါကြီး ရက်ကြီးတွေနဲ့ ဆုံရင် သက်သတ်လွတ်စားပေးပါ။
  စနေနေ့ မနက်မှ ဆုတောင်းပြီး ထန်းသီးတစ်လုံးကို ရေမျှောလိုက်ပါ။
  တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး (၂၆) ကောင် လွှတ်လိုက်ပါ။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့်နှစ် ဖြစ်ပါတယ်။ မကြာခဏ တရားအားထုတ်ပေးဖို့ လိုပါတယ်။
  ဘုန်းကြီးကျောင်းကိုသွားပြီး ချိုင့်ခွက်ရှိတဲ့နေရာကိုသွားပြီး မြေဖို့ပေးလိုက်ပါ။
  သင်နေတဲ့ဒေသမှာ ရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။ သိမ်အပျက်ကို သွားတဲ့လမ်းဆိုရင် ပိုပြီး ကောင်းတောင်ကောင်းသေးတယ်။