My Account

တနလာၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (အဂါင်္ သက်ရောက်)

သင် . . . မမျှော်လင့်ဘဲ ဒီနှစ်ထဲမှာ အမှုအခင်းဖြစ်တတ်ပါတယ်။ ဖြေရှင်းစရာ ပြဿနာတွေ ပေါ်တတ်တယ်။ မနာလိုတဲ့သူတွေလုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာတွေ ကြုံတွေ့ရလိမ့်မယ်။
  ငွေကြေးတွေလည်း ဆုံးပါးတတ်တယ်။ ဘယ်လိုအရသာရှိတဲ့ အစားအသောက်ကိုပဲ စားစားခံတွင်းမတွေ့ဘဲ ဖြစ်နေတတ်တယ်။ အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိငွေ ပြတ်သွားတတ်တယ်။
  အောက်လက်ငယ်သားတွေ တပည့်တပန်းတွေ သင့်ဆီက ထွက်သွားပြီး သင်နဲ့မတည့်တဲ့ လူဆီရောက်သွားတတ်ပါတယ်။ အလုပ်မှာ စိတ်မဝင်စားသလို ဖြစ်နေတတ်တယ်။ အလုပ်မှာ ပြဿနာပေါ်တတ်ပါတယ်။
  မိတ်ဆွေ . . . မမျှော်လင့်ဘဲ ဒီနှစ်ထဲမှာ အမှုအခင်းဖြစ်တတ်ပါသည်။ ဖြေရှင်းစရာ ပြဿနာတွေ ပေါ်တတ်တယ်။ မနာလိုတဲ့သူတွေ လုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာ တွေ ကြုံတွေ့ရလိမ့်မယ်။ ကျန်းမာရေးလည်း ညံ့တတ်တယ်။
  ကိုယ်ကပေးစရာရှိတဲ့ငွေက ချက်ချင်းပေးရမယ်။ ရစရာရှိတဲ့ငွေကတော့ မရဘဲရှိလိမ့်မယ်။ မိမိအိမ်ခြေရင်းဘက်မှာ အသုဘ ပေါ်တတ်တယ်။ ပေါ်ရင်တော့ (၅) ဂဏန်းအစ ထီထိုးပေးပါ။ ထီဆုကြီးပေါက်တတ်ပါတယ်။
  သွားကိုက်သွားနာ ဖြစ်လိမ့်မယ်။ မရောက်ဖူး မသွားဖူးသော ခရီးကို ရုတ်တရက်သွား ရတတ်ပါတယ်။ အငယ်ငယ်ရွယ်ရွယ်နဲ့ ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်တယ်။

ယတြာ

တနင်္လာသားသမီး မည်သူမဆို အသက် (၂၇) နှစ်အရွယ်၊ (၃၅) နှစ် အရွယ်တို့၌ ကျန်းမာရေးညံ့တတ်ပါတယ်။ ကိုယ်ခန္ဓာ၌ ထိခိုက်မိခြင်းများ ကြုံတတ်ပါတယ်။ မကြာခဏရေသန့် (၅) ခွက် ဘုရားကို လှူ၍ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်ကို တစ်နေ့လျှင် ပုတီး (၁) ပတ် (၄၉) ရက်ခန့် စိပ်ပေးပါ။ ထို့ပြင် ဗုဒ္ဓဟူးနေ့ ညနေ(၃) နာရီတွင် ဆားထည့်ရန်အတွက် အိုးအရွဲ့တစ်လုံးကိုဝယ်၍ အဒေါ်ကြီးတစ်ဦးအား လက်ဆောင်ပေးလိုက်ပါ။ ထိုသို့ ပေးပြီးနောက် မိမိတွေ့ကြုံရမည့် အခက်အခဲများအား ဆုတောင်းပါ။
  ဒီနှစ်ဟာ ကံဇာတာညံ့တဲ့နှစ်လို့ ဆိုရပါမယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက် စေတီတော် တစ်ဆူဆူမှာ သွားပြီး အဓိဋ္ဌာန်ပုတီးစိပ်ပါ။ ကောင်းတာကတော့ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို စိပ်သင့်ပါတယ်။ အခါကြီး ရက်ကြီးတွေမှာ သက်သတ်လွတ်စားပေးပါ။
  စနေနေ့မနက် (၁၀) နာရီလောက်မှာ ဒံပေါက်တစ်ထုပ်ဝယ်ပြီး ဆွမ်းခံကြွတဲ့ ဘုန်းကြီးကိုလောင်းလိုက်ပါ။ ရန်ကုန်မှာ နေတဲ့ မိတ်ဆွေကတော့ ငှက်ပျောသီးကို ချွေပြီး မျောက်တွေကို ပျော်ရွှင်ဝမ်းမြောက်လာအောင် ပစ်ပေါက်၍ ကျွေးပါ။