တနလာၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ဗုဒ္ဓဟူး သက်ရောက်)
သင် . . . ပြီးခဲ့တဲ့နှစ်က ညံ့လို့ ငွေကြေးဥစ္စာပစ္စည်းတွေ ကုန်ကျခဲ့မယ်။ ကျန်တာလေးတွေ ဒီနှစ်ထဲမှာ ထပ်ပြီး ကုန်သွားလိမ့်မယ်။ ကံဇာတာညံ့နေတယ်။ အထူးသတိထားပါ။
သူတစ်ပါးက သင့်ကို အကြောင်းမဲ့တိုက်ခိုက်ပြီး အကျိုးမဲ့အောင် ပြုလုပ်လိမ့်မယ်။ ပြီးတော့ မကောင်းသတင်းလည်း လွှင့်တတ်ပါသေးတယ်။
ခွဲစိတ်ကုသခံရဖို့ကိန်းတွေ ကြုံတတ်တယ်။ ရုတ်တရက် လေအောင့်တာတို့ ဘာတို့ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ဘာတွေရှိရင်လည်း သတိထားရမယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်ကျတတ်တယ်။
ရပ်ဝေးက သက်ကြီးရွယ်အိုတွေ ကိုယ့်ဆီမှာလာပြီး တည်းခိုတတ်တယ်။ ပြီးတော့ ရုတ်တရက် ကျန်းမာရေး ညံ့ပြီး ဆုံးပါတတ်တယ်။ လက်မခံရင် အကောင်းဆုံးပါပဲ။
ဒီနှစ်ထဲမှာ အညံ့အနည်းငယ်ရှိပါတယ်။ အလုပ်လုပ်ရတာလည်း အခက်အခဲတွေနဲ့ တွေ့လိမ့်မယ်။ အလုပ်ကလည်း ပင်ပန်းတဲ့အလုပ်မျိုးဖြစ်နေတတ်တယ်။ ကျိန်းသေအောင်မြင် ဖြစ်ထွန်းမည့် အရာတွေနဲ့လည်း လွဲချော်နေတတ်တယ်။ ကျန်းမာရေးလည်း ညံ့တတ်ပါတယ်။
သူများအတွက် သက်သေလိုက်ရတတ်တယ်။ အမှုအချုပ် ရောက်နေတဲ့လူကို အာမခံနဲ့ သွားပြီး ထုတ်ပေးရတတ်တယ်။ ပြီးတော့ အဲဒီလူကပဲ ကိုယ့်ကို အကောင်းမပြောဘဲ ကျေးဇူးကန်းတာကို ခံရလိမ့်မယ်။
ငွေဘာတွေ ပျောက်တတ်တယ်။ အသက်ကို မထိခိုက်တဲ့တိုင်အောင် ကားနဲ့တော့ တိုးမိတတ်တယ်။ ပွတ်သွားတာမျိုး ခံရတတ်ပါတယ်။
သွေးကို အကြောင်းပြုတဲ့ ရောဂါတွေ ရတတ်ပါတယ်။
အလုပ်အကိုင် ထိခိုက်တတ်တယ်။ အိမ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေးညံ့လို့ ဆေးခန်းပို့ရတတ်တယ်။
ဒုက္ခတွေ တစ်ခုပြီးတစ်ခု ရောက်လာတတ်တယ်။ သောကြာသားသမီးတစ်ယောက် သင့်အိမ်မှာ ညအိပ်တည်းခိုလိုက်ရင်တော့ အဲဒီဒုက္ခတွေ လွတ်သွားလိမ့်မယ်။

ယတြာ
တနင်္လာသားသမီး မည်သူမဆို အသက် (၄၄) နှစ်အရွယ်တွင် ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ မတော်တဆ ထိခိုက်မိခြင်းများ ကြုံတွေ့တတ်ပါတယ်။ ထို့ကြောင့် အမွှေးတိုင် (၄) တိုင်ကို ဘုရားတွင် လှူဒါန်း၍ ဝိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်ကို တစ်နေ့လျှင် ပုတီး(၇) ပတ်ကျ စိပ်ပါ။ (၄၉) ရက်တိုင်တိုင် စိပ်ပါလေ။ ထို့ပြင် စနေနေ့ညနေ (၃) နာရီတွင် ကတုံးပြောင်နှင့် လူကိုရှာ၍ ဘုရားကန်တော့ရန် ပန်း (၅) ပွင့် လှူဒါန်းပြီး မိမိ၌ တွေ့ကြုံရမည့် အခက်အခဲများ ပြေပျောက်စေရန် ဆုတောင်းပါလေ။
ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ ညံ့နေတာ ထင်ရှားပါတယ်။ မွေးနေ့ညနေပိုင်းမှာ ငါးသက်စေ့လွှတ် ပေးပါ။ လွှတ်ရင် မြစ်ချောင်းထဲမှာ သွားလွှတ်ပါ။ စနေနေ့ မနက်ပိုင်းမှာ နွားကို အစာကျွေးပါ။ မြေချိုင့်တွေ ဘာတွေရှာပြီး အုန်းခွံနဲ့ လမ်းခင်းပေးပါ။
စနေနေ့မနက်စောစော စနေထောင့်မှာ ထီးနီသက်စေ့ လှူလိုက်ပါ။ မိတ်ဆွေ၊ ဘုန်းကြီးကိုလည်း စတုမဓူလှူပါ။ သီလရှိသူကို ရှာပြီး ထီးတစ်လက် လှူလိုက်ပါ။