My Account

တနလာၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (သောကြာ သက်ရောက်)

သင်သည် ခါတိုင်းနှစ်နဲ့မတူပါ။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မယ်။ ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မယ်။ ငွေတွေကလည်း ဝင်လာမှာ တသောသောပါပဲ။ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံမယ့်နှစ်ပါပဲ။ ဒီနှစ်ကတော့ စိတ်တိုင်းကျ ကောင်းမည့်နှစ်ပါ။ စက်တွေ စိန်တွေလည်း ဝင်တတ်တယ်။
  မိတ်ဆွေ ဒီနှစ်မှာ သင့်အတွက် ကံကောင်းတဲ့နှစ် တစ်နှစ်ပါပဲ။ ခရီးဝေး၊ ခရီးနီး နှစ်မျိုးစလုံးပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။ ရာထူးတွေလည်း တိုးလိမ့်မယ်။ ဆုံးမလို ဖြစ်နေတဲ့ ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊ အဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မယ်။ မိမိမျှော်လင့် မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။
  မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရ တတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်သူဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။ ရာထူးကြီးတွေ မြင့်တက်သွားမယ်။
  အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလည်း ရလိမ့်မယ်။ မတွေ့တာကြာပြီဖြစ်သော မိတ်ဆွေများနှင့် ပြန်လည်တွေ့ဆုံရ တတ်ပါတယ်။

အထူးမှာကြားချက်
  တနင်္လာသားသမီး မည်သူမဆို အသက် (၄၇) နှစ် အရွယ်တွင် ပစ္စည်းဥစ္စာများ ဆုံးပါးခြင်း၊ အမှုအခင်း ဖြစ်ပွားခြင်း၊ ရုတ်တရက် ထိခိုက်မိခြင်း ဖြစ်တတ်ပါတယ်။ ကျန်းမာရေးလည်း မကြာခဏ ညံ့သွားတတ်ပါတယ်။ ထိုအန္တရာယ်များ လွတ်မြောက်စေရန်အတွက် ဆလပ်ရွက်(၇) ရွက်ခင်းပြီး ထိုဆလပ်ရွက်များပေါ်တွင် ဆိတ်သား (၉) တုံးတင်ပြီး လမ်းမှ ခွေးကို ည (၉)နာရီခန့်တွင် ကျွေးပါ။ ထိုသို့ ပြုလုပ်လိုက်လျှင် တွေ့ကြုံရမည့် အန္တရာယ်များ လွတ်ကင်းသွားပါလိမ့်မည်။

ယတြာ

အလွန်ကောင်းတဲ့နှစ်ပါပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။
  အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။
  မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။ အင်္ဂါနေ့တိုင်း ဆီထမင်း (၅) ပွဲ ဘုရားမှာလှူပါ။
  အုန်းသီးမထည့်နဲ့နော်။ ဒီနှစ်ဟာ မိတ်ဆွေအတွက် အလွန့်ကို ပျော်ဖို့ကောင်းတဲ့နှစ်ပါပဲ။ ကြာသပတေးနေ့တိုင်း မုန့်စိမ်းပေါင်း (၃) ပန်းကန်လှူပါ။ အုန်းသီးမထည့်ပါနဲ့။