My Account

အဂါၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (တနင်္ဂနွေ သက်ရောက်)

သင် . . . ဒီနှစ်ပိုင်းမှာ ညံ့နေတဲ့အထဲကနေပြီး မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။
  ဒီနှစ်မှာ သင်ဟာ အိမ်မှာနေရတာကို မပျော်ပိုက်ဘဲ ရှိလိမ့်မယ်။ အကြောင်းအမျိုးမျိုးနဲ့ မြည်တွန်တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။
  သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီးပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်တယ်။
  ဒီနှစ်အတွင်းမှ မိတ်ဆွေဟာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။
  စီးပွားရေးမကောင်းပါ။ စီးပွားတက်တော့မလိုလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက်အပျက်ဘက်က ပိုများနေပါတယ်။
  ဒီနှစ်မျိုးမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေ ဘာတွေဖြစ်တတ်ပါတယ်။ သတိထားပါ။
  ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။
  စိတ်ညစ်စရာတွေ ကြုံရတဲ့အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးပါလိမ့်ဦးမယ်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။ အိမ်တွင်းရေးလည်း မသာမယာဖြစ် တတ်ပါတယ်။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ်ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။
  မနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နမိတ်ကောင်းတွေ ပေးရင်တော့ အညံ့တွေပျောက်သွားတတ်ပါတယ်။

ယတြာ

မိတ်ဆွေ ဒီနှစ်ဟာ မိတ်ဆွေအတွက် ညံ့တဲ့နှစ်ပါ။ အဲဒီအညံ့တွေပြေပျောက်သွားအောင် မကြာခဏ သင်္ကန်းလှူပေးပါ။ ဘုရားဝေယျာဝစ္စတွေ လုပ်ပေးပါ။ မကြာခဏ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။ အခါကြီး ရက်ကြီးတွေနဲ့ ဆုံရင် သက်သတ်လွတ်စားပေးပါ။
  မကြာခဏ တရားအားထုတ်ပေးဖို့ လိုပါတယ်။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့်နှစ် ဖြစ်ပါတယ်။
  စနေနေ့ မနက်မှ ဆုတောင်းပြီး ထန်းသီးတစ်လုံးကို ရေမျှောလိုက်ပါ။
  သင်နေတဲ့ဒေသမှာ ရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။ သိမ်အပျက်ကို သွားတဲ့လမ်းဆိုရင် ပိုပြီး ကောင်းတောင်ကောင်းသေးတယ်။
  ဘုန်းကြီးကျောင်းသွားပြီး ချိုင့်ခွက်ရှိတဲ့နေရာကိုသွားပြီး မြေဖို့ပေးလိုက်ပါ။
  တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး (၂၆) ကောင် လွှတ်လိုက်ပါ။