My Account

အဂါၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ကြာသပတေး သက်ရောက်)

သင်ဟာ ဒီနှစ်မှာ စိတ်တိုင်းကျ ကောင်းမဲ့နှစ်ပါပဲ။ မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရတတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်သူ ဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။
  ခါတိုင်းနှစ်နဲ့မတူပါ။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မယ်။ ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မယ်။ ငွေတွေကလည်း ဝင်လာမှာ တသောသောပါပဲ။ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံမည့်နှစ်ပါပဲ။
  စက်တွေ စိန်တွေလည်း ဝင်တတ်တယ်။ အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလည်း ရလိမ့်မယ်။
  မိမိမျှော်လင့် မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။ ရာထူးကြီးတွေ မြင့်တက်သွားမယ်။
  မိတ်ဆွေ . . . ဒီနှစ်ကတော့ သင့်အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။ ခရီးဝေး၊ ခရီးနီး နှစ်မျိုးစလုံး ပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။ ရာထူးတွေလည်း တိုးလိမ့်မယ်။ ဆုံးမလို ဖြစ်နေသော ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊ အဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မယ်။
  မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေများနှင့် ပြန်လည်တွေ့ဆုံရ တတ်ပါတယ်။

ယတြာ

အလွန်ကောင်းတဲ့နှစ်ပါပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။
  အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။
  မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။
  ကြာသပတေးနေ့ တိုင်း မုန့်စိမ်းပေါင်း (၃) ပန်းကန်လှူပါ။ အုန်းသီးမထည့်ပါနဲ့။
  ဒီနှစ်ဟာ မိတ်ဆွေအတွက် အလွန့်ကို ပျော်ဖို့ကောင်းတဲ့နှစ်ပါပဲ။
  အင်္ဂါနေ့တိုင်း ဆီထမင်း (၅) ပွဲ ဘုရားမှာလှူပါ။ အုန်းသီးမထည့်နဲ့နော်။