My Account

အဂါၤ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (သောကြာ သက်ရောက်)

သင်ဒီနှစ်ထဲမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  ဘုရားဖူးထွက်တာမျိုး၊ အလှူအတန်းကိစ္စအတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါတယ်။ ရပ်ဝေးခရီး၊ နိုင်ငံခြားခရီး သွားရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။
  သင်ပိုင်သော ပစ္စည်းတွေကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ ဒီနှစ်မှာ သူခိုးခိုးခံရ တတ်ပါတယ်။
  ဘာပဲဖြစ်ဖြစ် ဒီလိုကံကောင်းတဲ့နှစ်မျိုးမှာ သူများလာအပ်တဲ့ ပစ္စည်းဟောင်းတွေ၊ အဖိုးမတန်လှတဲ့ ကျောက်မျက်ရတနာတွေကို လက်မခံသင့်ပါ။ လက်ခံလိုက်ပါက လာဘ်တိတ်သွားမယ်။
  အလုပ်အကိုင်ကောင်းတယ်ဆိုပေမယ့် အလုပ်မှာ အတိုက်အခံတော့ရှိတယ်။ မိမိအထက်လူကြီးက မိမိအပေါ်မှာ အထင်လွဲတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းမှာ အမျိုးသားများဆိုလျှင် ဒုလ္လဘရဟန်းဝတ်ရလိမ့်မယ်။
  လူမျိုးခြား ဘာသာခြားတွေ မစတတ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်လက်ခံမိလျှင် မမျှော်လင့်ဘဲ အမှုဖြစ်တတ်ပါတယ်။ ရှင်သီဝလိပုံတော်တွေ၊ ဘုရားဆင်းတုတော်တွေ၊ ဓာတ်တော်တွေ အိမ်ကို ကြွလာတတ်တယ်။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ သင့်အဖို့ ကံကောင်းတဲ့နှစ်လို့ ယူဆပါ။ မပြည်စုံတာတွေ ပြည့်စုံလာမယ်။ ဖြစ်ချင်တာတွေ မုချဖြစ်ရလိမ့်မယ်။ အကြံကောင်းတစ်ခုပေးချင်တာကတော့ မကြာမကြာ သတ်သတ်လွတ် စားပေးပါ။
  အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ အထင်လွဲပြီး မုန်းသွားတတ်တယ်။ လုပ်ငန်းမှာ နေရာကောင်းတွေ ရတတ်ပါလိမ့်မည်။ ငွေတွေကတော့ ဒလဟောဝင်နေလိမ့်မယ်။ ထွက်တာတွေလည်း အရမ်းထွက်နေလိမ့်မယ်။ ဆွေမျိုးအကြီးအကဲ နေထိုင်မကောင်း အကြီးအကျယ် ဖြစ်တတ်ပါတယ်။
  မျက်နှာမှာ အဖုအပိန့် အနာလေးတွေ ဖြစ်တတ်ပါတယ်။ ဘာမှဆေးမလိမ်းပါနဲ့။ ဆေးလိမ်းရင် ပွားလာလိမ့်မယ်။


အထူးမှာကြားချက်
  အင်္ဂါ သားသမီး မည်သူမဆို အသက် (၃၉) နှစ်နှင့် (၅၅) နှစ်အရွယ်တွင် စီးပွားဥစ္စာကျဆင်းခြင်း၊ အရှက်တကွဲအကျိုးနည်းခြင်းများ ကြုံရတတ်ပါတယ်။ ထို့ကြောင့် တစ်ခုသော တနင်္ဂနွေနေ့ ညနေ (၃) နာရီတွင် ရွက်လှ (၄) ညွန့်၊ ရေသန့် (၆) ခွက် အိမ်ဘုရား၌ပင် လှူဒါန်း၍ လေးလေးနက်နက် ဆုတောင်းပါ။ ထိုသို့ ပြုလုပ်မှသာလျှင် အထက်က ဖော်ပြတဲ့ အညံ့များ ပြေပျောက်သွားပါလိမ့်မယ်။
  ခါတိုင်းနှစ်နဲ့မတူပဲ သင်သည် သင့်ရဲ့ ပတ်ဝန်းကျင်မှာ တန်ခိုးသြဇာတွေ မြင့်တက်လာမယ်။ ကောင်းသော ဂုဏ်သတင်းတွေနဲ့ ကျော်ကြားလာမယ်။ လုပ်ငန်းတိုးရတာမျိုး၊ ရာထူးတိုးတာမျိုး ကြုံတွေ့ရတတ်ပါလိမ့်မယ်။
  ကားရှိရင်တော့ ရပ်တဲ့အခါ သတိထားပါ။ သူများကားက ပွတ်တိုက်သွားခြင်း၊ ချိတ်သွားခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ပျော်စရာကောင်းတဲ့ အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။
  တစ်ခုသတိထား ရမှာက အိမ်ကို ဆရာအတုအယောင်တွေ ရောက်လာတတ်တယ်။ စက်တွေ ဘာတွေဝယ်မယ်ဆိုရင်လည်း သတိထားပါ။ ကြည့်တုန်းကတော့ အကောင်းပဲ။ ကိုယ့်လက်ထဲရောက်မှ အပျက်ဖြစ်နေတတ်တယ်။ နားလည်တဲ့လူကို ပြပြီးဝယ်တာ အကောင်းဆုံးပါပဲ။
  အပူလောင်တတ်တယ်။ ရေနွေးအပူတို့၊ မီးအပူတို့၊ လျှပ်စစ်တွေကိုင်ရင် သတိထားပါ။ ခြေထောက်မျက်တတ်၊ နာတတ်ပါသည်။
  မိတ်ဆွေ အိုးပိုင်အိမ်ပိုင် မရှိသေးရင် အိုးပိုင်အိမ်ပိုင် ရတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အိမ်နေရာပြောင်းရွှေ့ ရတတ်ပါတယ်။

ယတြာ

အလွန်ကောင်းတဲ့နှစ်ပါပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။
  အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။
  မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။
  ကြာသပတေးနေ့ တိုင်း မုန့်စိမ်းပေါင်း (၃) ပန်းကန်လှူပါ။ အုန်းသီးမထည့်ပါနဲ့။
  ဒီနှစ်ဟာ မိတ်ဆွေအတွက် အလွန့်ကို ပျော်ဖို့ကောင်းတဲ့နှစ်ပါပဲ။
  အင်္ဂါနေ့တိုင်း ဆီထမင်း (၅) ပွဲ ဘုရားမှာလှူပါ။ အုန်းသီးမထည့်နဲ့နော်။
မိတ်ဆွေ . . . ဒီနှစ်အဖို့ ကောင်းတယ်ဆိုပေမယ့် အညံ့လေးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့ဗျာ။ အဲဒီအညံ့တွေအတွက် ယတြာဆိုတာတော့ လိုတာပေါ့ဗျာ။
  တနင်္ဂနွေနေ့တိုင်း စေတီတော်တစ်ဆူရဲ့ တနင်္ဂနွေထောင့်မှာ မီးသက်စေ့ ပူဇော်ပေးပါ။ မကြာ မကြာ အဓိဋ္ဌာန်ပြုပြီး သတ်သတ်လွတ်စားပေးပါ။ ဗုဒ္ဓဟူးနေ့တိုင်း ရှောက်သီးသုပ် ဆွမ်းတော် ကပ်ပေးပါ ဘဲသားကို အုန်းနို့နဲ့ချက်၊ လေးဆင့်ချိုင့်နဲ့ ထည့်ပြီး ဘုန်းကြီးကျောင်းကို ပို့ပါ။ အဲဒါကိုလည်း ဗုဒ္ဓဟူးနေ့မှာ လုပ်ပါ။ သင်တွေ့ကြုံရမယ့် အညံ့တွေ ပြေပျောက်သွားပါလိမ့်မယ်။