My Account

ဗုဒ္ဓဟူး နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ဗုဒ္ဓဟူး သက်ရောက်)

သင် . . . ဟာ ဒီအသက်ပိုင်းမှာ မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်တယ်။ ဆုံးပြီလို့ထင်တဲ့ ငွေတွေပြန်ရတတ်တယ်။ အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းကသေးသေး၊ တကယ်လုပ်တော့ ကြီးသွားလိမ့်မယ်။
  ကားပိုင်မရှိသေးရင်တော့ ကားပိုင်ရလိမ့်မယ်။ ပထမရတဲ့ကားကတော့ မကြာခဏပျက် လိမ့်မယ်။ အဲဒီပျက်တဲ့ကားကိုလဲပြီး နောက်ရမယ့် ကားကျမှ အကောင်းစီးရမှာနော်။ ကားရှိပြီးသားဆိုရင်တော့ ကားသစ်ရပြီဆိုပြီး သိပ်လည်း ပျော်မနေနဲ့ဦး။ ဘေးမှာ ပွတ်တိုက်ထားတဲ့ ဒဏ်ရာရှိတယ်။
  ဒီနှစ်ထဲမှာ ဆိတ်သားဟင်း ရှောင်ထားပါ။
  ဒီနှစ်မှာ တခြားနှစ်နဲ့ မတူဘူး။ ကိုယ့်ကို မလေးစားတဲ့လူတွေကတောင် ကြည်ညိုလေးစား လာတတ်ကြပါတယ်။ ဒီနှစ်ဟာ ကံကောင်းတဲ့နှစ်လို့ ဆိုရလိမ့်မယ်။ အလွန်ကောင်းတဲ့ သတင်းတစ်ခု ကြားရတတ်ပါတယ်။ လူချစ်လူခင်များမယ့်နှစ်လည်း ဖြစ်တယ်။
  ကိုယ်ကဖြစ်သလို ဝတ်စားတာကို ဘေးလူက ကြည့်လို့ကောင်းနေတတ်တယ်။
  ထမင်းစားတဲ့ အခါလည်း ဟင်းကောင်းဖို့မလိုဘူး။ ဘာနဲ့ပဲ စားရစားရ ထမင်းမြိန်နေတတ်တယ်။ ကံကောင်းနေပြီကိုး။
  တစ်ခုအကြံပေးချင်တာက ဒီလိုကံကောင်းတဲ့နှစ်မှာ ကိုယ့်အလုပ် ကိုယ်ကြိုးစားပြီး လုပ်ပါ။ ဘယ်အသင်းအဖွဲ့မှမဝင်ပါနဲ့။ အချိန်ဖြုန်းသလို လုပ်ရတဲ့ ကျားထိုးတာတို့ ချက်ထိုးတာတို့ ဘောလုံးပွဲ ကြည့်တာတို့ မလုပ်ပါနဲ့။ မုချ ချမ်းသာမယ့်နှစ်ဖြစ်မယ်။ ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိမှာ ဖြစ်တယ်။
  ငွေကုန်ကြေးကျ များခြင်း၊ ရသောငွေ မမြဲခြင်းများ ကြုံရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ သင်ဟာ ချမ်းသာမှာပါပဲ။ အိမ်ထောင်ရေးနဲ့ ပတ်သက်သော ပြဿနာများ ကြုံရတတ်ပါတယ်။

အထူးမှာကြားချက်
  ဗုဒ္ဓဟူးသားသမီး မည်သူမဆို အသက်(၅၂) နှစ်အရွယ်တွင် လေဖြတ်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ သွေးကြောပိတ်ခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်ခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် တနင်္လာနေ့ညနေ (၃) နာရီတွင် ကြွေခရားအဖြူ (၁) လုံး၌ ကွမ်းယမွှေး (၁) ယာထည့်၍ လွန်စွာအသားမည်းသော ကုလားအဘိုးကြီးတစ်ဦးဦးအား ၎င်းကြွေခရားအဖြူပါ ရော၍ လှူဒါန်းလိုက်ပါလေ။
  ကိုယ်က အလုပ်လုပ်ချင်တယ်။ ကိုယ့်မှာ ငွေမရှိဘူး။ ငွေရှိတဲ့သူက သူ့ငွေတွေကိုယူပြီး လုပ်ပါ။ ပေးချင်တဲ့အခါမှ ပြန်ပေးပါဆိုပြီး ငွေထုပ်ကို လာပြီးအပ်တတ်တယ်။ ကံကောင်းနေတာကိုး။
  ကိုယ်က တစ်လွဲအကြံပေးလိုက်တယ်။ လုပ်တဲ့သူကလည်း လိုက်ပြီးလုပ်တယ်။ သူ့ဟာနဲ့သူ အပေါက်အလမ်း တည့်သွားတယ်။ အဲဒီမှာပဲ ကိုယ့်ကို ကျေးဇူးတင်တော့တာပါပဲ။ ကံကောင်းနေတော့လည်း ပြောတိုင်းဖြစ်တာပေါ့လေ။ ဘုရားဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကို ကြွလာတတ်တယ်။
  သေမလောက်ရောဂါခံနေရတဲ့သူကို ကိုယ်က ကြားဖူးတဲ့ဆေးမြီးတိုကလေး ပေးလိုက်တယ်။ သူကလည်း ယုံကြည်စွာနဲ့သောက်လိုက်တယ်။ အဲဒီမှာ ရောဂါပျောက်သွားတယ်။ ကိုယ့်ကိုလည်း ဇီဝကလောက်ထင်သွားတယ်။ ကံကောင်းနေတာကိုး။ လုပ်ငန်းအသစ်တွေ စရတတ်တယ်။ အလုပ်တွေ အကျိုးပေးတတ်တယ်။

ယတြာ

မိတ်ဆွေ ဒီနှစ်မှာ အတော့်ကို ကံကောင်းနေပြီပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်တွေလည်း ရှိတာပေါ့။ အဲဒါလေးတွေကို ပြေပျောက်သွားဖို့အတွက် စေတီတော်တစ်ဆူဆူမှာ ယပ်သက်စေ့ လှူလိုက်ပါ။ ရေသက်စေ့ သပ္ပါယ်ပါ။ ရုပ်ပွားတော်ရဲ့ ရင်ပတ်တော်မှာ ရွှေ (၁၂) ပြားချပါ။ လောကဝိဒူ ဂုဏ်တော်ကို အဓိဋ္ဌာန်နဲ့ စိပ်ပေးပါ။
  အဲဒီလို လှူလိုက်မယ်ဆိုရင် အညံ့အခိုက်တွေဟာ ပြေပျောက်သွားမှာပါပဲ။
  ကြာပန်းအဖြူရောင် လှူပါ။ ရွှေထီး ၂ လက်ကို ဘုရားမှာ ကြက်ခြေခတ်ပြီးလှူပါ။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ အတော့်ကို ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။