My Account

ဗုဒ္ဓဟူး နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (သောကြာ သက်ရောက်)

သင် ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  ဆရာသမားလို ပုဂ္ဂိုလ်မျိုးအိမ်ကို ရောက်လာပြီး ဒုက္ခပေးတတ်ပါတယ်။
  မိတ်ဆွေ . . . ဒီနှစ်မှာ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေ ဝင်လာတတ်တယ်။ အမွေတွေ ဘာတွေ ရစရာရှိရင် ဒီနှစ်ထဲမှာ ရမည်။ ငွေလည်း စုဆောင်းမိနိုင်တာပေါ့။ တစ်ခုပဲ သတိထားရမယ်။ တစ်ချီတည်း အပွကြံတာမျိုး၊ အကောက်ကြံတာမျိုး မလုပ်ပါနဲ့။ လုပ်ရင်တော့ မကောင်းဘူးပေါ့။
  ထီတွေဘာတွေလည်း ပေါက်တတ်ပါတယ်။ ဝါသနာပါရင် တနင်္လာနေ့ (၁၁) နာရီတိတိမှာ ရှေ့က (၇၇) နှစ်လုံးပူးတဲ့ ထီမျိုးထိုးရမယ်။ အတော့်ကို ကောင်းတဲ့နှစ်လို့ ဆိုရမှာပါ။ ဆင်းရဲမွဲတေနေသူတွေတောင် ဒီလိုနှစ်မျိုးရောက်တဲ့အခါမှာ အိမ်ပိုင်၊ ကားပိုင်တွေ ဖြစ်သွားတော့တာပါပဲ။ နောက်တစ်ခုက ဒီနှစ်ထဲမှာ ဘာတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲ ကြုံကြုံ တစ်ခါတည်းနဲ့ မပြီးဘူး၊ နှစ်ခါ နှစ်ခါ ထပ်ပြီး ဖြစ်တတ်တဲ့ သဘောရှိပါတယ်။
  အိမ်ထောင်ရှိတဲ့လူများကတော့ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ဟာ မျက်နှာပွင့်တယ်။ ရာထူးတွေဘာတွေ တက်တာလည်း ဒီနှစ်မျိုးမှာ တက်တာပါပဲ။
  အဖိုးမတန်ဘူးဆိုပြီး ဘူးထဲ ခွက်ထဲမှာ ပစ်ထားတဲ့ ကျောက်ကလေးတစ်လုံးရှိနေတယ်။ ဘာကျောက်ပဲဖြစ်ဖြစ် အရောင်ကတော့ ခပ်ဖျော့ဖျော့ပါပဲ၊ ထိပ်နားမှာ အနာကလေးပါတယ်။ အဲဒီကျောက်ကလေးကို ရှာပြီးငွေလက်စွပ်ကွင်းပြီး မိတ်ဆွေရဲ့လက်မှာ ဝတ်ထားလိုက်ပါလား၊ အဲဒါအ လွန်ကောင်းတဲ့ အဆောင်ဖြစ်တယ်။
  လခစားအလုပ်ဆိုလျှင် ဒီနှစ်ထဲမှာ ထွက်ချင်စိတ်ပေါ်တတ်ပါတယ်။ မထွက်သင့်သေးပါ။
  မျက်စိအားနေတတ်တယ်။ မျက်မှန်တပ်သူဆိုရင်တော့ ဒီနှစ်မျိုးမှာ မျက်မှန်ပါဝါ တိုးသွားတတ်ပါတယ်။ လာဘ်လာဘလည်း အလွန်ရွှင်မယ်။ လူအနေနဲ့လည်း ဒီနှစ်ထဲမှာ အောင်မြင်တတ်ပါတယ်။
  ဒီလိုနှစ်မျိုးမှာ သင့်အိမ်ကို ကိုယ်ဝန်ဆောင်သည် ရောက်လာပြီး ညအိပ်ညနေ တည်းခိုရင်၊ ဒါမှမဟုတ် သင့်အိမ်မှာ နဂိုကတည်းက ကိုယ်ဝန်ဆောင်သည် ရှိနေခဲ့ရင် ထီဆုကြီးပေါက်တတ်ပါတယ်။ ဒီနှစ်မျိုးဟာ ခြေထောက်မှာ ဗွေပါတာမျိုးပေါ့။ မကြာခဏ ခရီးထွက်ရတတ်ပါတယ်။ အလုပ်အတွက် စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။
  ကျန်းမာရေးကတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။ ခေါင်းမူးတတ်တယ်။ ဗိုက်အောင့်တတ်တယ်။ ဝမ်းတွေဘာတွေလည်း ပျက်တတ်တယ်။ အဲဒီလိုများဖြစ်ခဲ့ရင် အုန်းရည် (၄) ခွက်နဲ့ လှေကားကို ပက်ပြီး ဆေးပစ်လိုက်ပါ။ ဆေးတာကတော့ ဗုဒ္ဓဟူးညနေဆိုရင် ပိုကောင်းပါတယ်။
  ဒီနှစ်မှာ အရင့်အရင်က ကိုယ်နဲ့မသင့်မြတ်သူတွေနဲ့ ပြန်ပြီး သင့်မြတ်တတ်တယ်။ ဒါကောင်းတဲ့အချက်ပါပဲ။ အိမ်မှာအရွယ်ရောက်ပြီးတဲ့ ယောက်ျားလေး၊ မိန်းကလေး ရှိရင်တော့ သတိထားပါ။ အိမ်ကထွက်သွားတတ်ပါတယ်။ သားသမီးရှိရင် သားသမီးအတွက် စိတ်သောက ရောက်ရတတ်ပါတယ်။ မမျှော်လင့်ဘဲ အိမ်မှာ အလှူလုပ်ဖြစ်လိမ့်မယ်။ လုပ်တော့လည်း သေးသေးလုပ်မယ်ဆိုပြီး ကြီးသွားတတ်တယ်။ ကောင်းပါတယ်။
အထူးမှာကြားချက်
  ဗုဒ္ဓဟူးသားသမီး မည်သူမဆို အသက် (၄၇) နှစ် နှင့် (၅၇) နှစ်အရွယ်တွင် လူလိမ်ခံရတတ်ပါတယ်။ သူတစ်ပါး၏ မတော်မတရားပြောခြင်းကိုလည်း ခံရတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် တနင်္လာနေ့ ညနေ (၃) နာရီတွင် အသက်ကြီးကြီး ကုလားမကြီး တစ်ဦးဦးကို ရှာ၍ ငွေ (၁၁၀) လှူဒါန်းလိုက်ပါလေ။

ယတြာ

ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာလည်း သင့်အဖို့ ကံကောင်းသော နှစ်ပါပဲ။ ဒါပေမယ့် မပြောပလောက်သော အညံ့အခိုက်လေးတွေ ရှိပါတယ်။ အဲဒါလေးတွေ ပြေပျောက်သွားအောင် ယတြာကတော့ လိုမယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ ယတြာလေးတွေ ချေပေးပါဦး။
  ကြာဖူး (၂) ပွင့်၊ သစ္စာပန်း (၆) ပွင့်ကိုလည်း ၎င်းဘုရားမှာပဲ ကပ်လှူပူဇော်လိုက်ပါ။ နဂါးရုံဘုရားမှာ ထန်းလျက် (၁၁) ခဲကို စက္ကူကတော့ထဲ ထည့်ပြီး ကပ်လှူပူဇော်လိုက်ပါ။ အမွှေးနံ့သာရေနှင့် တနင်္လာထောင့်က ဆင်းတုတော်ကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပေးပါ။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဒီနှစ်ပိုင်းမှာ မိတ်ဆွေ ကြုံတွေ့ရမယ့် အခိုက်အညံ့လေးတွေ ပြေပျောက်သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ ကံကောင်းတဲ့နှစ် တစ်နှစ်ပါပဲ။