My Account

ဗုဒ္ဓဟူး နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (စနေ သက်ရောက်)

သင် . . . ဒီနှစ်ပိုင်းမှာ သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီးပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။ ညံ့နေတဲ့ အထဲကနေပြီး မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။
  ဒီနှစ်မျိုးမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေ ဘာတွေဖြစ်တတ်ပါတယ်။ သတိထားပါ။
  ဒီနှစ်အတွင်းမှ မိတ်ဆွေဟာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများ၏ ဆန့်ကျင်တော်လှန်မှု တွေကို ကြုံတွေ့ရလိမ့်မယ်။
  လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့ အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။
  စိတ်ညစ်စရာတွေ ကြုံရတဲ့အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးပါလိမ့်ဦးမယ်။
  ကိုယ့်ငွေတွေ သူများလက်ထဲ သွားပြီး မြှုပ်နေတတ်ပါတယ်။
  ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။
  စီးပွားရေးမကောင်းပါ။ စီးပွားတက်တော့ မလိုလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဘက်က ပိုများနေပါတယ်။
  မနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်းတွေ ပေးရင်တော့ အညံ့တွေ ပျောက်သွားတတ်ပါတယ်။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ် ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။
  ဒီနှစ်မှာ သင်ဟာ အိမ်မှာနေရတာကို မပျော်ပိုက်ဘဲရှိလိမ့်မယ်။
  အကြောင်းအမျိုးမျိုးနဲ့ မြည်တွန်တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။
  အိမ်တွင်းရေးလည်း မသာမယာဖြစ် တတ်ပါတယ်။

ယတြာ

မိတ်ဆွေ ဒီနှစ်ဟာ မိတ်ဆွေအတွက် ညံ့တဲ့နှစ်ပါ။
  အဲဒီအညံ့တွေ ပြေပျောက်သွားအောင် မကြာခဏ သင်္ကန်းလှူပေးပါ။
  ဘုရားဝေယျာဝစ္စတွေ လုပ်ပေးပါ။
  မကြာခဏ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။
  အခါကြီး ရက်ကြီးတွေနဲ့ ဆုံရင် သတ်သတ်လွတ်စားပေးပါ။
  တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး(၂၆) ကောင် လွှတ်လိုက်ပါ။
  သင်နေတဲ့ ဒေသမှာ ရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။
  သိမ်အပျက်ကို သွားတဲ့လမ်းဆိုရင် ပိုပြီး ကောင်းတောင်ကောင်းသေးတယ်။
  မကြာခဏ တရားအားထုတ်ပေးဖို့ လိုပါတယ်။
  ဘုန်းကြီးကျောင်းကို သွားပြီး ချိုင့်ခွက်ရှိတဲ့နေရာကို သွားပြီး မြေဖို့ပေးလိုက်ပါ။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့်နှစ် ဖြစ်ပါတယ်။