My Account

ကြာသပတေး နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (စနေ သက်ရောက်)

သင် . . . ဒီအသက်အပိုင်းအခြားမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  သူတစ်ပါးက သင့်ကို အကြောင်းမဲ့တိုက်ခိုက်ပြီး အကျိုးမဲ့အောင် ပြုလုပ်တတ်သည်။ ပြီးတော့ မကောင်းသတင်းလည်း လွှင့်တတ်ပါသေးတယ်။
  ဒုက္ခတွေ တစ်ခုပြီးတစ်ခု ရောက်လာတတ်တယ်။
  သောကြာသားသမီးတစ်ယောက် သင့်အိမ်မှာ ညအိပ်တည်းခိုလိုက်ရင်တော့ အဲဒီဒုက္ခတွေက လွတ်သွားလိမ့်မယ်။
  ရပ်ဝေးက သက်ကြီးရွယ်အိုတွေ ကိုယ့်ဆီမှာလာပြီး တည်းတတ်တယ်။ ပြီးတော့ ရုတ်တရက် ကျန်းမာရေး ညံ့ပြီး ဆုံးပါးတတ်ပါသည်။ လက်မခံရင် အကောင်းဆုံးပါပဲ။
  ခွဲစိတ်ကုသခံရဖို့ ကိန်းတွေ ကြုံတတ်တယ်။ ရုတ်တရက် လေအောင့်တာတို့ ဘာတို့ ဖြစ်တတ်ပါတယ်။
  အရွယ်ရောက်ပြီးတဲ့သားသမီးတွေ ဘာတွေရှိရင်လည်း သတိထားရမယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်ကျတတ်တယ်။
  အလုပ်အကိုင် ထိခိုက်တတ်တယ်။
  အိမ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေး ညံ့လို့ ဆေးခန်းပို့ရတတ်တယ်။
  သူများအတွက် သက်သေလိုက်ရတတ်တယ်။ အမှုအချုပ် ရောက်နေတဲ့လူကို အာမခံနဲ့ သွားပြီး ထုတ်ပေးရတတ်တယ်။ ပြီးတော့ အဲဒီလူကပဲ ကိုယ့်ကို အကောင်းမပြောပဲ ကျေးဇူးကန်းတာကို ခံရလိမ့်မယ်။
  သွေးကိုအကြောင်းပြုတဲ့ ရောဂါတွေ ရတတ်ပါတယ်။
  ဒီနှစ်ထဲမှာ အညံ့အနည်းငယ်ရှိပါတယ်။ အလုပ်လုပ်ရတာလည်း အခက်အခဲတွေနဲ့ တွေ့လိမ့်မယ်။
  အလုပ်ကလည်း ပင်ပန်းတဲ့အလုပ်မျိုး ဖြစ်နေတတ်တယ်။
  ကျိန်းသေအောင်မြင် ဖြစ်ထွန်းမည့် အရာတွေနဲ့လည်း လွဲချော်နေတတ်တယ်။
  ကျန်းမာရေး ညံ့တတ်ပါတယ် မိတ်ဆွေ။
  ပြီးခဲ့တဲ့နှစ်က ညံ့လို့ ငွေကြေးပစ္စည်းတွေ ကုန်ကျခဲ့မယ်။
  ကျန်တာလေးတွေ ဒီနှစ်ထဲမှာ ထပ်ပြီး ကုန်သွားလိမ့်မယ်။
  ကံဇာတာ ညံ့နေတယ် မိတ်ဆွေ။ အထူးသတိထားပါ။
  ငွေတွေဘာတွေ ပျောက်တတ်တယ်။
  အသက်ကို မထိခိုက်တဲ့တိုင်အောင် ကားနဲ့တော့ တိုးမိတတ်တယ်။ ပွတ်သွားတာမျိုး ခံရတတ်ပါတယ်။

ယတြာ

ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ ညံ့နေတာ ထင်ရှားပါတယ်။ မွေးနေ့ညနေပိုင်းမှာ ငါးသက်စေ့ လွှတ်ပေးပါ။ လွှတ်ရင် မြစ်ချောင်းထဲမှာ သွားလွှတ်ပါ။ စနေနေ့ မနက်စောစော စနေထောင့်မှာ ထီးနီသက်စေ့ လှူလိုက်ပါ။ မိတ်ဆွေ၊ ဘုန်းကြီးကိုလည်း စတုမဓူ လှူပါ။ မြေချိုင့်တွေ ဘာတွေရှာပြီး အုန်းခွံနဲ့ လမ်းခင်းပေးပါ။ စနေနေ့ မနက်တိုင်းမှာ နွားကို အစာကျွေးပါ။ သီလရှိသူကို ရှာပြီး ထီးတစ်လက်လှူလိုက်ပါ။