My Account

သောကြာ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ဗုဒ္ဓဟူး သက်ရောက်)

သင် ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  စီးပွားရေး မကောင်းပါ။ စီးပွက်တက်တော့မလိုနဲ့ တဖြည်းဖြည်းကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဘက်က ပိုများနေပါတယ်။
  စိတ်ညစ်စရာတွေ ကြုံရတဲ့အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးပါလိမ့်ဦးမယ်။ ကိုယ့်ငွေတွေ သူများလက်ထဲ သွားပြီး မြှုပ်နေတတ်ပါတယ်။
  သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီး ပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။ညံ့နေတဲ့ အထဲကနေပြီး မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။
  ဒီနှစ်မှာ သင်ဟာ အိမ်မှာနေရတာကို မပျော်ပိုက်ဘဲ ရှိလိမ့်မယ်။ အကြောင်းအမျိုးမျိုးနဲ့ မြည်တွန်တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။ အိမ်တွင်းရေးလည်း မသာမယာဖြစ် တတ်ပါတယ်။
  ဒီနှစ်အတွင်းမှာ မိတ်ဆွေဟာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။
  မနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်းတွေ ပေးရင်တော့ အညံ့တွေပျောက်ကင်းသွားတတ်ပါတယ်။
  ဒီနှစ်မျိုးမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေ ဘာတွေဖြစ်တတ်ပါတယ်။ သတိထားပါ။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ်ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။ ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။


အထူးမှာကြားချက်
  သောကြာသားသမီး မည်သူမဆို အသက် (၄၄) နှစ်အရွယ်တွင် စိတ်ညစ်စရာများ ကြုံတွေ့ရတတ်ပါတယ်။ မပေါင်းရမည့်သူများ၊ မတွဲရမည့်သူများနှင့် ပေါင်းမိတွဲမိ၍ ဒုက္ခရောက်တတ်ပါတယ်။ အထူးသတိပြုပါ။ ထိုသို့ မဖြစ်စေရန်အတွက် အင်္ဂါနေ့ညနေ (၃) နာရီတွင် အိမ်ဘုရား၌ ရွှေရောင်စကြာလေးတစ်ခု ချိတ်ဆွဲလှူဒါန်းထားပါ။

ယတြာ

မိတ်ဆွေ . . . ဒီနှစ်ဟာ မိတ်ဆွေအတွက် ညံ့တဲ့နှစ်ပါ။ အဲဒီအညံ့တွေ ပြေပျောက်သွားအောင် မကြာခဏ သင်္ကန်းလှူပေးပါ။ ဘုရားဝေယျာဝေစ္စတွေ လုပ်ပေးပါ။ မကြာခဏ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။ အခါကြီး ရက်ကြီးတွေနဲ့ ဆုံရင် သက်သတ်လွတ်စားပေးပါ။ စနေနေ့ မနက်မှာ ဆုတောင်းပြီး ထန်းသီးတစ်လုံးကို ရေမျှောလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့်နှစ် ဖြစ်ပါတယ်။ တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး (၂၆) ကောင် လွှတ်လိုက်ပါ။ ဘုန်းကြီးကျောင်းကိုသွားပြီး ချိုင့်ခွက်ရှိတဲ့နေရာကို သွားပြီး မြေဖို့ပေးလိုက်ပါ။ မကြာခဏ တရားအားထုတ်ဖို့ လိုပါတယ်။ သင်နေတဲ့ဒေသမှာ ရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။ သိမ်အပျက်ကို သွားတဲ့လမ်းဆိုရင် ပိုပြီး ကောင်းတောင်ကောင်းသေးတယ်။