My Account

စနေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ဗုဒ္ဓဟူး သက်ရောက်)

သင် ဟာ ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရ တတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်သူဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။
  စက်တွေ စိန်တွေလည်း ဝင်တတ်တယ်။
  အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလည်း ရလိမ့်မည်။ ရာထူးကြီးတွေ မြင့်တက်သွားမယ်။
  ခါတိုင်းနှစ်နဲ့မတူပါ။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မယ်။
  ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မည်။ ငွေတွေကလည်း ဝင်လာမှာ တသောသောပါပဲ။ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံမည့်နှစ်ပါပဲ။
  မိတ်ဆွေ . . . ဒီနှစ်ကတော့ သင့်အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။ ခရီးဝေး၊ ခရီးနီး နှစ်မျိုးစလုံး ပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။
  ရာထူးတွေလည်း တိုးလိမ့်မယ်။ ဆုံးမလို ဖြစ်နေသော ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊ အဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မယ်။
  မိမိမျှော်လင့် မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။
  ဒီနှစ်ကတော့ စိတ်တိုင်းကျ ကောင်းမဲ့နှစ်ပါပဲ။
အထူးမှာကြားချက်
  စနေသားသမီး မည်သူမဆို အသက် (၄၄) နှစ်အရွယ်တွင် မမျှော်လင့်ဘဲ အမှုအခင်းများ ကြုံခြင်း၊ ရုတ်တရက် ကျန်းမာရေးညံ့ခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် အိုးကြီးကြီးတစ်လုံးလုံးတွင် ကျောက်စရစ်ခဲ အနည်းငယ်ထည့်၍ သောကြာနေ့ညနေ (၃) နာရီတွင် မြစ်ထဲတွင် သွား၍ မျှောပစ်လိုက်ပါ။

ယတြာ

အလွန်ကောင်းတဲ့နှစ်ပါပဲ မိတ်ဆွေ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။ မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။ အင်္ဂါနေ့တိုင်း ဆီထမင်း (၅) ပွဲ ဘုရားမှာလှူပါ။ အုန်းသီးမထည့်နဲ့နော်။ ကြာသပတေးနေ့တိုင်း မုန့်စိမ်းပေါင်း (၃) ပန်းကန်လှူပါ။ အုန်းသီးမထည့်နဲ့နော်။ ဒီနှစ်ဟာ မိတ်ဆွေအတွက် အလွန့်ကို ပျော်ဖို့ကောင်းတဲ့နှစ်ပါပဲ။ အိပ်ရာရွှေ့အိပ်လိုက်ပါ။