My Account

စနေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (ရာဟု သက်ရောက်)

သင် . . . ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့သူဆိုရင် လုပ်ငန်းတိုးချဲ့ရပါလိမ့်မယ်။
  အပူလောင်တတ်တယ်။ ရေနွေးအပူတို့၊ မီးအပူတို့၊ လျှပ်စစ်တွေကိုင်ရင် သတိထားပါ။ ခြေထောက်မျက်တတ်၊ နာတတ်ပါတယ်။
  ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ သင့်အဖို့ ကံကောင်းတဲ့နှစ်လို့ ယူဆပါ။ မပြည့်စုံတာတွေ ပြည့်စုံလာမယ်။ ဖြစ်ချင်တာတွေ မုချဖြစ်ရလိမ့်မယ်။ အကြံကောင်းတစ်ခုပေးချင်တာကတော့ မကြာမကြာ သက်သတ်လွတ်စားပေးပါ။
  လုပ်ငန်းတိုးရတာမျိုး၊ ရာထူးတိုးတာမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ဆွေမျိုး အကြီးအကဲနေထိုင်မကောင်း အကြီးအကျယ် ဖြစ်တတ်ပါတယ်။ ပျော်စရာကောင်းတဲ့ အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။
  မိတ်ဆွေ သင်ဟာ ဒီနှစ်မှာ အိုးပိုင်အိမ်ပိုင် မရှိသေးရင် အိုးပိုင်အိမ်ပိုင် ရတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အိမ်နေရာ ပြောင်းရွှေ့ရတတ်ပါတယ်။
  ရှင်သီဝလိပုံတော်တွေ၊ ဘုရားဆင်းတုတော်တွေ၊ ဓာတ်တော်တွေ အိမ်ကို ကြွလာတတ်တယ်။
  မျက်နှာမှာ အဖုအပိန့် အနာလေးတွေ ဖြစ်တတ်ပါတယ်။ ဘာမှဆေးမလိမ်းပါနဲ့။ ဆေးလိမ်းရင် ပွားလာလိမ့်မယ်။ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက အထင်လွဲပြီး မုန်းသွားတတ်တယ်။
  ဒီလိုနှစ်ပိုင်းမှာ အမျိုးသားများဆိုလျှင် ဒုလ္လဘရဟန်းဝတ်ရလိမ့်မယ်။ လုပ်ငန်းမှာ နေရာကောင်းတွေ ရတတ်ပါတယ်။
  ဘာပဲဖြစ်ဖြစ် ဒီလိုကံကောင်းတဲ့နှစ်မျိုးမှာ သူများလာအပ်တဲ့ ပစ္စည်းဟောင်းတွေ၊ အဖိုးမတန်တဲ့ ကျောက်မျက်ရတနာတွေကို လက်မခံသင့်ပါ။ လက်ခံလိုက်ပါက လာဘ်တိတ်သွားမယ်။
  ခါတိုင်းနှစ်နဲ့မတူပဲ သင်သည် သင့်ရဲ့ ပတ်ဝန်းကျင်မှာ တန်းခိုးသြဇာတွေ မြင့်တက်လာမယ်။ ကောင်းသော ဂုဏ်သတင်းတွေ ကျော်ကြားလာမယ်။
  ကားရှိရင်တော့ ရပ်တဲ့အခါ သတိထားပါ။ သူများကားက ပွတ်တိုက်သွားခြင်း၊ ချိတ်သွားခြင်း၊ ကြုံတွေ့ရတတ်ပါတယ်။
  သင်ပိုင်တဲ့ ပစ္စည်းတွေကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ ဒီနှစ်မှာ သူခိုး ခိုးခံရတတ်ပါတယ်။
  အလုပ်အကိုင်ကောင်းတယ်ဆိုပေမယ့် အလုပ်မှာ အတိုက်အခံတော့ ရှိတယ်။ မိမိအထက်လူကြီးက မိမိအပေါ်မှာ အထင်လွဲတတ်ပါတယ်။
  လူမျိုးခြား ဘာသာခြားတွေ မစတတ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်လက်ခံမိလျှင် မမျှော်လင့်ဘဲ အမှုဖြစ်တတ်ပါတယ်။
  ဘုရားဖူးထွက်တာမျိုး၊ အလှူအတန်းကိစ္စအတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါတယ်။ ရပ်ဝေးခရီး၊ နိုင်ငံခြားခရီး သွားရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။
  တစ်ခုသတိထားရမှာက အိမ်ကို ဆရာအတုအယောင်တွေ ရောက်လာတတ်တယ်။ စက်တွေ ဘာတွေဝယ်မယ်ဆိုရင်လည်း သတိထားပါ။ ကြည့်တုန်းကတော့ အကောင်းပဲ။ ကိုယ့်လက်ထဲရောက်မှ အပျက်ဖြစ်နေတတ်တယ်။ နားလည်တဲ့သူကို ပြပြီးဝယ်တာ အကောင်းဆုံးပါပဲ။
  ငွေတွေကတော့ ဒလဟောဝင်နေလိမ့်မယ်။ ထွက်တာတွေလည်း အရမ်းထွက်နေလိမ့်မယ်။

ယတြာ

မိတ်ဆွေ . . . ဒီနှစ်အဖို့ ကောင်းတယ်ဆိုပေမယ့် အညံ့လေးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့ဗျာ။ အဲဒီအညံ့တွေအတွက် ယတြာဆိုတာတော့ လိုတာပေါ့ဗျာ။
  ဗုဒ္ဓဟူးနေ့တိုင်း ရှောက်သီးသုပ် ဆွမ်းတော် ကပ်ပေးပါ။ မကြာ မကြာ အဓိဋ္ဌာန်ပြုပြီး သက်သတ်လွတ်စားပေးပါ။ တနင်္ဂနွေတိုင်း စေတီတော်တစ်ဆူရဲ့ တနင်္ဂနွေထောင့်မှာ မီးသက်စေ့ ပူဇော်ပေးပါ။
  ဘဲသားကို အုန်းနို့နဲ့ချက်၊ လေးဆင့်ချိုင့်နဲ့ထည့်ပြီး ဘုန်းကြီးကျောင်းကိုပို့ပါ။
  အဲဒါကိုလည်း ဗုဒ္ဓဟူးနေ့မှာ လုပ်ပါ။ သင်တွေ့ကြုံရမယ့် အညံ့တွေ ပြေပျောက်သွားပါလိမ့်မယ်။