My Account

စနေ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း (သောကြာ သက်ရောက်)

သင် . . . ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
  စိတ်ညစ်စရာတွေ ကြုံရတဲ့အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးပါလိမ့်ဦးမယ်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြှုပ်နေတတ်ပါတယ်။
  လက်ရှိအလုပ်ကနေ တခြားကို ပြောင်းလိုစိတ်ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်ပါသေးတယ်။ နောက်ပြောင်းမည့်အလုပ်က သင့်ကို အကျိုးမပေးပါ။
  ဒီနှစ်မှာ သင်ဟာ အိမ်မှာနေရတာကို မပျောက်ပိုက်ဘဲ ရှိလိမ့်မယ်။ အကြောင်းအမျိုးမျိုးနဲ့ မြည်တွန်တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။
  စီးပွားရေးမကောင်းပါ။ စီးပွားတက်တော့မလိုနဲ့ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။ အဖြစ်ထက်အပျက်ဘက်က ပိုများနေပါတယ်။
  ညံ့နေတဲ့အထဲကနေပြီး မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။
  သူတစ်ပါးအတွက် အာမခံတာမျိုး၊ ကိုယ်စားလိုက်ပြီးပြောတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။ ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။
  မနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်းတွေ ပေးရင်တော့ အညံ့တွေပျောက်သွားတတ်ပါတယ်။
  ဒီနှစ်မျိုးမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေ ဘာတွေဖြစ်တတ်ပါတယ်။ သတိထားပါ။
  ဒီနှစ်အတွင်းမှ မိတ်ဆွေဟာ မမျှော်လင့်ဘဲ လက်အောက်ငယ်သားများရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရမယ်။ မမျှော်လင့်ဘဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။
             
အထူးမှာကြားချက်

  စနေသားသမီး မည်သူမဆို ဖြစ်လိမ့်မယ်။ အသက် (၄၇) နှစ်နှင့် အသက် (၅၅) နှစ်အရွယ်တို့တွင် စီးပွားပျက်၊ အလုပ်ပြုတ်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းများ ဖြစ်မယ်။ ကျန်းမာရေးလည်း အလွန်ညံ့တတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် ဆလပ်ရွက် (၈) ရွက်ကို ရေနွေးခရားအလွန် (၁) လုံးတွင် ထည့်၍ ချောင်းရေတွင် မျှောပါ။ သို့မဟုတ် စွန့်ပစ်လိုက်ပါ အညံ့များ ပြေပျောက်သွားပါလိမ့်မယ်။

ယတြာ

မိတ်ဆွေ . . . ဒီနှစ်ဟာ မိတ်ဆွေအတွက် ညံ့တဲ့နှစ်ပါ။ အဲဒီအညံ့တွေပြေပျောက်သွားအောင် မကြာခဏ သင်္ကန်းလှူပေးပါ။ ဘုရားဝေယျာဝစ္စတွေ လုပ်ပေးပါ။ မကြာခဏ ဗုဒ္ဓေါဆိုတဲ့ ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။ အခါကြီး ရက်ကြီးတွေနဲ့ ဆုံရင် သက်သတ်လွတ်စားပေးပါ။ သင်နေတဲ့ဒေသမှာ ရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။ သိမ်အပျက်ကို သွားတဲ့လမ်းဆိုရင် ပိုပြီး ကောင်းတောင်ကောင်းသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့်နှစ် ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းကိုသွားပြီး ချိုင့်ခွက်ရှိတဲ့နေရာကို သွားပြီး မြေဖို့ပေးလိုက်ပါ။ တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး (၂၆) ကောင် လွှတ်လိုက်ပါ။ မကြာခဏ တရားအားထုတ်ပေးဖို့ လိုပါတယ်။ စနေနေ့ မနက်မှာ ဆုတောင်းပြီး ထန်းသီးတစ်လုံးကို ရေမျှောလိုက်ပါ။